ပဲမျိုးစုံတင်ပို့မှု

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၁၁-၃-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၀၉၃၈၁.၃၆၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၂၂.၀၉၈)သန်း၊ နယ်စပ်မှ (၅၅၁၁၄.၆၂၂)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၄၅.၁၅၈)သန်း၊ စုစုပေါင်း (၈၆၄၄၉၅.၉၉၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၆၇.၂၈၃)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၁-၂၀၂၂(Mini Budget) (၁၁-၃-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်
(၁၁-၃-၂၀၂၂) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၂၄၄.၁၈၅ ၇.၇၆၁ ၂၅၁.၉၄၆
ကီလို ၃၁၂၂၁၁.၁၂၄ ၇၈၁၈.၁၂၆ ၃၂၀၀၂၉.၂၅၀
  ပဲတီစိမ်း US$ ၂၁၇.၄၂၁ ၇.၅၉၁ ၂၂၅.၀၁၂
ကီလို ၂၇၅၆၀၅.၂၀၀ ၁၂၆၃၈.၉၆၃ ၂၈၈၂၄၄.၁၆၃
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၁၇၅ ၀.၁၇၅
ကီလို   ၁၆၀.၀၀၀ ၁၆၀.၀၀၀
  ပဲစဉ်းငုံ US$ ၆၈.၄၈၇ ၀.၀၀၀ ၆၈.၄၈၇
ကီလို ၁၀၃၀၆၈.၂၃၉ ၀.၀၀၀ ၁၀၃၀၆၈.၂၃၉
  ကုလားပဲ US$ ၁.၆၆၀ ၀.၀၅၀ ၁.၇၁၀
ကီလို ၂၅၄၄.၇၀၅ ၇၂.၀၀၀ ၂၆၁၆.၇၀၅
  ပဲလွန်းဖြူ US$ ၁၃.၆၄၄ ၀.၃၀၃ ၁၃.၉၄၇
ကီလို ၁၈၂၇၀.၄၀၄ ၆၈၉.၉၆၅ ၁၈၉၆၀.၃၆၉
  မြေထောက်ပဲ US$ ၁၇.၆၆၆ ၂.၈၁၇ ၂၀.၄၈၃
ကီလို ၂၂၁၆၁.၀၃၂ ၄၄၉၁.၆၂၅ ၂၆၆၅၂.၆၅၇
  ထောပတ်ပဲ US$ ၂.၆၆၈ ၀.၀၃၀ ၂.၆၉၈
ကီလို ၄၀၉၄.၁၂၀ ၅၂.၅၀၀ ၄၁၄၆.၆၂၀
   ပဲယင်း US$ ၂၂.၉၇၆ ၀.၂၆၀ ၂၃.၂၃၆
ကီလို ၃၂၁၆၃.၁၉၃ ၅၇၂.၄၅၀ ၃၂၇၃၅.၆၄၃
  ၁၀ ပဲကြီး US$ ၀.၅၀၇ ၀.၀၀၀ ၀.၅၀၇
ကီလို ၇၉၉.၇၄၃ ၀.၀၀၀ ၇၉၉.၇၄၃
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၆၂၈   ၀.၆၂၈
ကီလို ၉၉၆.၆၆၉   ၉၉၆.၆၆၉
  ၁၂ စွန်တာပြာ US$ ၀.၂၅၉ ၀.၀၀၀ ၀.၂၅၉
ကီလို ၄၂၂.၉၉၀ ၀.၀၀၀ ၄၂၂.၉၉၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၄ ပဲဖြူလေး US$ ၀.၃၂၄ ၀.၀၀၀ ၀.၃၂၄
ကီလို ၄၃၄.၅၀၀ ၀.၀၀၀ ၄၃၄.၅၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၉.၅၃၁ ၀.၀၀၀ ၉.၅၃၁
ကီလို ၁၃၁၇၇.၄၀၉ ၀.၀၀၀ ၁၃၁၇၇.၄၀၉
  ၁၆ ပဲပုတ်စေ့ US$ ၀.၂၉၈ ၀.၀၀၀ ၀.၂၉၈
ကီလို ၄၁၁.၀၀၀ ၀.၀၀၀ ၄၁၁.၀၀၀
  ၁၇ ပဲနီကြား US$   ၀.၀၇၈ ၀.၀၇၈
ကီလို   ၁၉၅.၀၀၀ ၁၉၅.၀၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၁၈၂ ၀.၁၈၂
ကီလို   ၂၁၆.၅၀၀ ၂၁၆.၅၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၃.၄၂၅ ၃.၄၂၅
ကီလို   ၄၉၀၈.၅၈၄ ၄၉၀၈.၅၈၄
  ၂၀ မြေပဲဆံ US$ ၂၁.၇၆၂ ၂၂.၅၁၃ ၄၄.၂၇၅
ကီလို ၂၂၉၁၆.၆၁၁ ၂၃၂၉၈.၉၀၉ ၄၆၂၁၅.၅၂၀
  ၂၁ အခြားပဲ US$ ၀.၀၈၂ ၀.၀၀၀ ၀.၀၈၂
ကီလို ၁၀၄.၄၃၀ ၀.၀၀၀ ၁၀၄.၄၃၀
    ပဲတင်ပို့မှုစုစုပေါင်း US$ ၆၂၂.၀၉၈ ၄၅.၁၈၅ ၆၆၇.၂၈၃
ကီလို ၈၀၉၃၈၁.၃၆၉ ၅၅၁၁၄.၆၂၂ ၈၆၄၄၉၅.၉၉၁

Pages