ယှဉ်ပြိုင်မှုမူဝါဒ (Competition)
ဈေးကွက်လွှမ်းမိုးထားနိုင်မှုအနေအထားအား အလွဲသုံးစားပြုခြင်း - ယင်းသို့ အလွဲသုံးစားပြုခြင်းဆိုသည်မှာ အဘယ်နည်း ။ မည်သို့စိစစ်သနည်း။
ယှဉ်ပြိုင်မှုဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို တစ်ဦးဦးက ဖောက်ဖျက်ကြောင်း သိရှိသူ သို့မဟုတ် ဖောက်ဖျက်သည်ဟု သံသယရှိသူ မည်သူမဆို ကော်မရှင်သို့ တိုက်ရိုက်ဖြစ်စေ၊ ကော်မရှင်ရုံးမှတဆင့်ဖြစ်စေ တိုင်ကြားမှုပုံစံ(ပုံစံ-၁)တွင် မြန်မာဘာသာဖြင့် ရှင်းလင်းစွာ ဖြည့်သွင်းတိုင်ကြားရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် ၁၀၆/၂၀၁၈
၁၃၈၀ ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်
(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်)
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းခြင်း
၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ယှဉ်ပြိုင်မှှုဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ "မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်" ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-
(က) ပြည်ထောင်စုဝန်ကြီး ဥက္ကဌ
ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေး ရုပ်ပြဇာတ်လမ်းများကို download ရယူနိုင်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယှဉ်ပြိုင်မှုဥပဒေ ပုဒ်မ ၅၆၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။
(က) ဈေးကွက်တွင် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှုဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်းအားဖြင့် ဒေသတွင်းနှင့် နိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် အသိုက်အဝန်းအဖြစ် ရောက်ရှိစေရေး၊
(ခ) ဈေးကွက်တွင် မျှတသော ယှဉ်ပြိုင်မှုကို အားပေးကူညီခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ တပြေးညီ တိုးတက်လာစေရေးနှင့် သာတူညီမျှ ခံစားခွင့် ရရှိစေရေး၊
(ဂ) ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ရေး၊
(က) အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ရန်၊
(ခ) ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် မျှတမှုမရှိသော ဈေးကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်စေရန်၊
မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။