မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်မှုဥပဒေ၏ ရည်ရွယ်ချက်များ

Thu, 11/12/2015 - 13:20 -- dotadmin

(က)    အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ရန်၊

(ခ)     ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် မျှတမှုမရှိသော ဈေးကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်စေရန်၊

(ဂ)     ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်းအား အလွဲသုံးစားပြုခြင်းမှ တားဆီးနိုင်ရန်၊

(ဃ)    စီးပွားရေးလုပ်ငန်းများအကြား ကန့်သတ်ထားရှိသော သဘောတူညီချက်နှင့် အစီအမံများကို ထိန်းချုပ်နိုင်ရန်။