နောက်ဆုံးရ သတင်း

မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီသည်   ကားအဟောင်းလဲလှယ်ကာ အစားထိုး မော်တော်ယာဉ်   တင်သွင်းမည့်သူများကို လူစီးကား၊ ထရပ်ကား၊ ဘတ်စ်ကားများ၏ ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်ကို ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိသတ်မှတ်၍  ယခင်ခွင့်ပြုထား သည့်အတိုင်း ဘယ်မောင်း/ညာမောင်း မခွဲခြားဘဲ Reconditioned/Brand New မော်တော်ကားများကို ဇန်နဝါရီ လ ၂ ရက်မှစတင်ကာ တင်သွင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
အစားထိုးမော်တော်ယာဉ် လဲလှယ် ရေးအစီအစဉ်အရ တင်သွင်းခွင့်ပြုမည့် အင်ဂျင်ပါဝါ  ၁၃၅၀ CC နှင့်အောက် မော်တော်ကားများကို ၁၉၉၆ ခုနှစ်မှ လက်ရှိ Model Year အထိ Model ကန့်သတ်ချက်မထားဘဲ တန်ဖိုး အမေရိကန် ဒေါ်လာ ၅၀၀၀ ဖြင့် ခွင့်ပြုသွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏    နောင်တွင် လူတိုင်းလူတိုင်း    ကားစီးနိုင်သည့် အဆင့်အထိဖြစ်လာစေရန် လမ်းညွှန် ချက်နှင့်အညီ ယခုအခါ ပို့ကုန်/သွင်း ကုန်ကုမ္ပဏီများ၊ ကျောက်မျက်ကုမ္ပဏီ များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၊ နိုင်ငံခြား သင်္ဘောသားများ၊ ပြည်ပ တွင်တရားဝင်  အလုပ်လုပ်ကိုင်နေသူ များ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကုမ္ပဏီများမှ မော်တော်ယာဉ် တင်သွင်းခွင့်  လျှောက်ထားလာမှုကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ်သော လူစီးကားများ ကို ဘယ် မောင်း/ညာမောင်း  မသတ်မှတ်ဘဲ တင်သွင်းခွင့်  ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ထို့သို့ Model Year  ကို ၂၀၀၇ ခုနှစ် မှစတင်၍ Model  အမြင့်သတ်မှတ်ရ ခြင်းမှာ နောင်တွင် နိုင်ငံအတွင်းတွင် ကားအဟောင်းများ စုပုံလာနိုင်သော ကြောင့်ဖြစ်ကြောင်း ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။  သို့ သော် ဆီစားသက်သာပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု   လျှော့ချပေးနိုင်သည့် ၁၃၅၀ CC နှင့်အောက် မော်တော်ယာဉ် များအားတင်သွင်းပါက Model Year ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တန်ဖိုး အမေရိကန်ဒေါ်လာ   ၅၀၀၀ ဖြင့် လျှောက်ထားနိုင်ပြီး ၂၀၁၁-၂၀၁၂ Model Year ဖြင့် လျှောက်ထားမည် ဆိုပါကလည်း    လက်ရှိပေါက်ဈေး အတိုင်း လျှောက်ထားရမည်ဖြစ်သည်။ ထို့ပြင် ၁၃၅၀ CC နှင့်အောက် မော်တော်ယာဉ်များကို ကနဦး မှတ်ပုံတင်ကြေး ၃၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။
ကားတင်သွင်းရာတွင် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ ကားတင်သွင်း မည့်သူသိရှိရမည့်အချက်များ၊ တင်သွင်း ခွင့်ပြုသည့် မော်တော်ယာဉ်ဈေးနှုန်း များ၊ လူစီးမော်တော်ယာဉ်ဈေးနှုန်းများ (Reconditioned) နှင့် လူစီးမော် တော်ယာဉ် ှSub-Brand  အလိုက်ဈေး နှုန်းများ (Reconditioned)  ကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏Website ဖြစ်သာ www. commerce.gov.mmာ တွင် အသေး စိတ် ဖတ်ရှုနိုင်ပါသည်။
သတ်မှတ်ထားသော  ယာဉ်အုပ်စု တွင်မပါဝင်ဘဲBrand Name အသစ် ဖြင့် လျှောက်ထားလာသော ယာဉ်များ ဖြစ်ပါက လည်း Internet အထောက် အထားများဖြင့် နေ့စဉ်ပြုလုပ်သည့် EICC အစည်းအဝေးသို့ တင်ပြပြီးလျှင် ခွင့်ပြု  ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၁၃ ရက် တစ်နေ့တည်း တွင်  သင်္ဘောသားများ ကားပါမစ် လျှောက်ထားလာမှုမှာ စောင်ရေ ၁၅ စီးရှိပြီဖြစ်ပြီး  ထို ၁၅ စီးအနက် ၁၁ စီးသည် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်းထုတ်လုပ်သည့် ွှToyota Belta နှင့် Toyota Vitz   အမျိုးအစား ၁၃၅၀ CC နှင့်အောက် မော်တော် ယာဉ်များဖြစ်ပြီး ကျန်လေးစီးမှာ ၂၀၀၉ ခုနှစ်ထုတ် Toyota Mark-X ၊ Toyota Raum နှင့် Toyota ISIS  အမျိုးအစား  အမြင့်ကားများဖြစ် ကြောင်းသတင်းရရှိပါသည်။  တင်သွင်း မည့်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။
သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံပြီး အစားထိုးတင်သွင်းရန်အတွက် သွင်းကုန်ပါမစ်များ  ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ကာလအတွင်း စုစုပေါင်း ကားတင်သွင်းရန် ပါမစ် ၁၈၉၂၆ စောင်  ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။   
အေးမွန်မွန်လှိုင်

နေပြည်တော်၊ ဇန်နဝါရီလ ၁၀ ရက်

     နိုင်ငံခြားမှ ကားတိုက်ရိုက်ဝယ်ယူရန်အခက်အခဲရှိနေသော ကားပိုင်ရှင်များအတွက် လွယ်လင့်တကူ ဝယ်ယူနိုင်ရန် မော်တော်ကားအရောင်းစင်တာများကိုဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ရာ အောက်ပါလိပ်စာများတွင် သွားရောက်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်-

     (က) Sandrar Services Co., Ltd.

           (၁) အမှတ် (၇၉)၊ အုတ်ပုံဆိပ်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

           (၂) အမှတ် (၃၆)၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မင်းသားကြီးဟိုတယ်ဝန်း၊ မန္တလေးတိုင်း ဒေသကြီး

                ဖုန်းနံပါတ်- ၀၁-၆၅၆၂၉၇

     (ခ) Sakura Technical Services. Co., Ltd.

          (၁) အမှတ် (၁)၊ ချယ်ရီဥယျာဉ်အိမ်ရာ၊ ၁၄/၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

          (၂) အမှတ် (၀၅-၂၁)၊ ရာဇသင်္ဂဟလမ်းမကြီး၊ အင်ကြင်းပန်းဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်

               ဖုန်းနံပါတ်- ၀၁-၅၆၃၁၆၅၊ ၀၁-၅၆၉၀၇၃၊ ၀၁-၅၆၉၀၇၄

     (ဂ) Diamond Auto Services Co., Ltd.

          (၁) အမှတ် (၁၅၀၊ ဘီ)၊ တကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး

               ဖုန်းနံပါတ်- ၀၁-၄၀၀၅၃၄

     နောက်ထပ် ကားအရောင်းစင်တာဖွင့်လှစ်ခွင့်တောင်းဆိုလာသော ကုမ္ပဏီများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ကားအရောင်းစင်တာဖွင့်ခွင့် လက်မှတ်များထုတ်ပေးနေပြီဖြစ် ရာ မကြာခင်အချိန်အတွင်း ကားအရောင်းစင်တာများစွာ ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မြန်မာ့ပို့ကုန်များအနက် ဆံပင်၊ တံမြက်စည်းနဲ့ ပိန်းရိုးခြောက်တို့ရဲ့ ပို့ကုန်လိုင်စင်များကို ယခင်က နေပြည်တော်တွင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုအခါ ၂၃.၁၂.၂၀၁၁ နေ့က စပြီး အဆိုပါလိုင်စင်များကို ရန်ကုန်တိုင်းဒေသကြီးရုံး၊ ပို့ကုန်လုပ်ငန်းဌာနခွဲမှာ လျှောက်ထားနိုင်ပြီး နေပြည်တော်ရုံးချုပ်ရဲ့ ကြီးကြပ်မှုနဲ့ခွင့်ပြုလိုင်စင်များကို ရန်ကုန်တိုင်း ဒေသကြီးမှာပဲ ထုတ်ပေးပြီ ဖြစ်ကြောင်းကြားသိရတဲ့အတွက် ပို့ကုန်လုပ်ငန်းရှင်များ သိရှိစေဖို့ သတင်းကောင်း ပေးလိုက်ပါတယ်။
ဒေါက်တာခင်ဦးမေ

ဒီတစ်ပတ်  Commerce ပရိသတ်ကြီး အတွက် သတင်းကောင်း ပေးချင်တာကတော့ ပို့ကုန်အမယ်သစ်ဖြစ်တဲ့ မြန်မာပြည်က ထုတ် လုပ်တဲ့ စပရိမ်မွေ့ယာ အကြောင်းပါ၊ မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန်တွေကိုကြည့်ရင် လယ်ယာထွက်ကုန် ပစ္စည်းဖြစ်တဲ့ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ သစ်တောထွက်ပစ္စည်းဖြစ် တဲ့  သစ်လုံးအမျိုးမျိုး၊ ခွဲသား၊ အထပ်သား၊ သစ်ပါးလွှာ၊ ပရိဘောဂ၊ ရေ ထွက်ပစ္စည်းတွေဖြစ်တဲ့ ရေချို/ရငန် ငါးပုစွန်မျိုးစုံ  စသည်ဖြင့် ကုန်ကြမ်းပစ္စည်း (Raw Material) တွေ အများဆုံးတင်ပို့တာဖြစ်ပြီး ကုန်ချောပစ္စည်း ထုတ်လုပ်တင်ပို့မှုအနေနဲ့ နည်းးပါးသေးတာကို တွေ့ရပါတယ်။ တိုးတက်လာတဲ့ ခေတ်နဲ့ အညီ အသုံးအဆောင်ပစ္စည်းတွေလည်း ခေတ်မီအဆင့် အတန်းမြင့်လာပါတယ်။ များသောအားဖြင့် လူသုံး ကုန်ပစ္စည်းတွေကို ပြည်ပကနေ မှာယူတင်သွင်း သုံးစွဲနေကြရတာ ဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှု တွေ တိုးတက်လာတာနဲ့အမျှ ပြည်ပကတင်သွင်းမှု ကို လျှော့ချနိုင်မယ် ဆိုရင် နိုင်ငံတော် အတွက် နိုင်ငံ ခြားငွေ ပိုမိုလာမှာ ဖြစ်ပါတယ်။
ခေတ်မီ   အိပ်ခန်းပစ္စည်းဖြစ်တဲ့ စပရိန် မွေ့ယာမျိုးစုံကို ပြည်ပကနေ တင်သွင်းသုံးစွဲမှုတွေ ရှိနေဆဲပါ။ တံဆိပ်မျိုးစုံ၊ ထုတ်လုပ်တဲ့ နိုင်ငံမျိုးစုံကနေ တင်သွင်းသုံးစွဲနေကြတာဖြစ်ပါတယ်။ ပြည်ပ ကတင်သွင်းနေရတဲ့ ကုန်ချောတစ်မျိုးကို ပြည်တွင်း မှာထုတ်လုပ်ပြီး တစ်ပိုင်တစ်နိုင် သွင်းကုန်အစားထိုး ဖြန့်ဖြူးရောင်းချနေတဲ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြည်ပပို့ကုန်အဖြစ် ပထမဆုံးအကြိမ် စမ်း သပ် တင်ပို့ဖို့အတွက် VALENTINE စပရိန် မွေ့ယာ  တစ်ယောက်အိပ်နဲ့ နှစ်ယောက်အိပ် နှစ်မျိုးကို တစ်ဖက်ကုန်ဝယ်သူ ကုမ္ပဏီ တစ်ခုကို အခုရေ ၄၀၀ နှုန်းနဲ့ ကုမ္ပဏီ သုံးခုကို မွေ့ယာ ၁၂၀၀ တင်ပို့သွားမှာ ဖြစ်ပါတယ်။ တစ်ယောက် အိပ် ၃၀၀ နဲ့ နှစ်ယောက်အိပ် ၉၀၀ ဖြစ်ပါတယ်။ ပစ္စည်းတင်ပို့ဖို့အတွက် ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ ပို့ကုန်လိုင်စင် ထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရပါတယ်။ လောလောဆယ် အိမ်နီး ချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ပြီး နောက်ထပ် အခြားပြည်ပ သွင်းကုန်တွေနဲ့ အရည် အသွေးပိုင်း  ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းလျက်ရှိ ကြောင်း သိရပါတယ်။ ပြည်တွင်းက ထုတ်လုပ် လိုက်တဲ့ အိမ်သုံးကုန်ချောပစ္စည်း တစ်မျိုးကို ပြည် တွင်းရောင်းချမှုသာမက ပြည်ပသို့ပါ ဈေးကွက် စမ်းသပ်တင်ပို့နေပြီဖြစ်တဲ့အကြောင်း ဂုဏ်ယူ ဝမ်းမြောက်နိုင်ဖို့နဲ့ အခြားကုမ္ပဏီများအနေနဲ့ လည်း ကုန်ချောပစ္စည်းများ အားကျအတုယူ ထုတ် လုပ်တင်ပို့နိုင်ဖို့အတွက် သတင်းကောင်းပါး ရေး သား တင်ပြလိုက်ပါတယ်။        
သက်နိုင်ဦး

မည်သူမဆို လွတ်လပ်စွာ ဝယ်ယူ နိုင်သည့် ကားအရောင်းစင်တာတစ်ခု ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၄၇) ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ စက်မှုဝန်ကြီးဌာနတွင်  ဒီ ဇင်ဘာလ ၈ ရက်မှ စတင်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်းသိရသည်။ အဆိုပါကားများမှာ  စက်မှုဝန်ကြီးဌာနမှ တင်သွင်းလာသည့်ကားများဖြစ်ပြီး တရုတ်နိုင်ငံ၊ Chery Automobile Co., Ltd. မှ ထုတ်လုပ်သည့် မီနီဆလွန်းကားများဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာနသည် ချယ်ရီမီနီ ဆလွန်းကားများကိုပထမဦးဆုံးအသုတ် အဖြစ် ကားအစီးပေါင်း ၁၀၀၀ ကို တင် သွင်းလာခဲ့ခြင်းဖြစ်ပြီး  ယာဉ်အို ယာဉ်ဟောင်းများ၊ သက်တမ်းလွန်ယာဉ်များ အပ်နှံသူများကိုသာ ဦးစားပေးရောင်းချ မည်ဟုဆိုသော်လည်း ကားအရောင်း စင်တာဖွင့်လှစ်ပြီးချိန်တွင်  မည်သူ့ကို မဆို လွတ်လပ်စွာ  ရောင်းချမည်ဖြစ် ကြောင်း စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးသန်းက ပြောကြားခဲ့သည်။
အဆိုပါ ကားအရောင်းစင်တာတွင်  ကားစီးရေ ၅၀ကို ပြသရောင်းချမည်ဖြစ် ပြီး လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချ မည်ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာနမှ တင်သွင်းလာ သည့် ချယ်ရီျှျှ၃ မီနီဆလွန်းကားများ ကို  ကားတန်ဖိုးငွေ  အမေရိကန်ဒေါ် လာ ၅၈၀၀၊  Custom Duty  နှင့် Commerical Tax   နှစ်ရပ်ပေါင်း ၂၈၄၀၀၀၀ ကို တစ်ပါတည်း ပေးသွင်း ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တန်ဖိုးတွင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သို့ ပေးသွင်းရမည့် ကညနအခွန်မှာ မပါဝင်သေးကြောင်း သိရသည်။
အဆိုပါကညနခွန်မှာ ချယ်ရီ QQ3 ယာဉ်၏ မူလ FOBဈေးနှုန်း တစ်ဝက် ၏ ၁၅ ရာခိုင်နှုန်းကို ကညနမှ တွက် ချက်၍ ဒေါ်လာဖြင့် ပေးဆောင်ရ မည် ဖြစ်ကြောင်း အဆိုပါကားအရောင်းစင် တာမှ  တာဝန်ရှိသူတစ်ဦး၏  ပြောပြ ချက်အရ သိရသည်။
အဆိုပါ ချယ်ရီ QQ3  ယာဉ်မှာ အောက်တိန်းဓာတ်ဆီထည့်သွင်းမောင်း နှင်ရသည့်ကားအမျိုးအစားဖြစ်ကြောင်း သိရသည်။ အဆိုပါကားများကို ရန်ကုန် မြို့သို့ ဒီဇင်ဘာ ၆ ရက်က တရုတ်နိုင်ငံ သင်္ဘော MV. Chang Yu သင်္ဘော ဖြင့် သယ်ဆောင်လာခြင်းဖြစ်သည်။
ဝယ်လိုအားပေါ်မူတည်ပြီး ကား တွေကို ထပ်ပြီးသွင်းသွားမှာပါ။ အခု လည်း ကားတွေကို မည်သူမဆိုဝယ်ယူ ခွင့်ရရှိအောင်  ဆောင်ရွက်ပေးနေပါ တယ်။ ယာဉ်တန်ဖိုး  ဒေါ်လာ ၅၈၀၀ အပေါင်း အခွန် ၂၈ သိန်းလေးသောင်း ကို ဒီမှာပဲ  တစ်ခါတည်းသွင်းရမှာပါ။ ငွေသွင်းပြီးတာနဲ့ကားကို ယူသွားလို့ရ အောင် စီစဉ်ပေးထားပါတယ် ဟု အဆိုပါပြခန်းမှ  တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင်အဆိုပါ အရောင်းပြခန်းတွင် SUV နှင့် Myanmar Double Cab  ယာဉ်များကိုလည်း သတ်မှတ်ဈေးနှုန်း ထက်လျှော့၍ ရောင်းချလျက်ရှိကြောင်း  သိရသည်။   အဆိုပါ SUV နှင့် Myanmar Double Cab ယာဉ်များ ကိုလည်း မည်သူမဆို လွတ်လပ်စွာဝယ် ယူခွင့်ရှိကြောင်း သိရသည်။ SUV ကို ယခင်က ကျပ် ၃၇၅ သိန်းဖြင့် ရောင်း ချခဲ့သော်လည်း ယခုအခါတွင် ကျပ် သိန်း ၂၁၀ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။ Myanmar Double Cab  များကိုလည်း ယခင်က ကျပ်သိန်း ၃၅၀ ဖြင့် ရောင်းချခဲ့ရာမှ ယခုအခါတွင် ကျပ် သိန်း ၂၉၀သို့လျှော့ချ၍ ရောင်းချလျက် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံမှ  တင်သွင်းလာသည့် ကားများကို ကားရောင်းစင်တာဖွင့်လှစ် ပြီးရောင်းချလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိသည့်  မြန်မာမီနီဆလွန်းကားများကို လည်း  ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မယ်သီတာ

Pages

Subscribe to နောက်ဆုံးရ သတင်း