နောက်ဆုံးရ သတင်း

ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တို့ တွင် ခရီးသည်တင် ဘတ်စ်ကားများ နည်းပါးမှု၊ ညံ့ဖျင်းမှုနှင့် နေ့စဉ်ကြုံတွေ့ နေရသဖြင့် လူစီးဘတ်စ်ကားများကို အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ် သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
" ရန်ကုန်မှာရော     မန္တလေးမှာပါ ဘတ်စ်ကားတွေ  အတော်လေးညံ့နေ တယ်။ ဘတ်စ်ကားနဲ့ပတ်သက်ပြီးတော့  "ပ" အက္ခရာအထိ ယာဉ်အိုယာဉ်ဟောင်း များကို အပ်နှံပြီးတဲ့အခါမှာ ခရီးသည် တင်  မော်တော်ယာဉ်များကို ၁၉၉၆ မော်ဒယ်လ်မှ ၂၀၀၆မော်ဒယ်လ်အထိ အစားထိုး  လဲလှယ်တင်သွင်းခွင့်ပြုမှာ ဖြစ်ပါတယ်။ အခက်အခဲရှိရင် ကြီးကြပ် မှုကော်မတီကို တင်ပြပါ။ ကူညီပေးဖို့အသင့်ပါ။ မော်တော်ကားအသစ်တွေ ရောက်စေချင်ပါတယ်။ ပုံမှန်သွင်းကုန် လိုင်စင်နဲ့လျှောက်ထားလာပါက စီးရေ ကန့်သတ်ချက်မရှိဘဲ ၂၀ယောက်စီးနဲ့ အထက် ၂၀၀၇ခုနှစ်မော်ဒယ်နဲ့အထက် ခွင့်ပြုပေးမှာဖြစ်ပါတယ်" ဟု ပြောကြား ခဲ့သည်။ထို့ပြင်မြို့တော်အငှားယာဉ်လုပ်ငန်းများအတွက်   အငှားယာဉ်   ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အငှားယာဉ် တက္ကစီများ တင်သွင်းလိုပါက ခွင့် ပြုပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။
" ရန်ကုန်မြို့တော်အပါအဝင် မြို့ တော်ကြီးများမှာ မြို့တော်အငှားယာဉ် (စီးတီးတက္ကစီ)ဝန်ဆောင်မှုလုပ်ငန်းများ အနေနဲ့လည်း အငှားယာဉ်တက္ကစီများ တင်သွင်းလိုပါက၂၀၀၇ခုနှစ်နှင့်အထက် မော်ဒယ်များကို သက်ဆိုင်ရာတိုင်းဒေ သကြီး ပြည်နယ်အစိုးရရဲ့တွက်ချက် စိစစ်ထောက်ခံတဲ့အပေါ်မှာ မူတည်ပြီး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အဲဒီ ထောက်ခံချက်ဆိုတာကလည်းမြို့တော်ရဲ့လမ်းများအခြေအနေ၊လူဦးရေအခြေ  အနေနဲ့တွက်ချက်ပေးရမှာဖြစ်တဲ့ အတွက် ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။          
မယ်သီတာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  ပေကျင်းမြို့မှာ တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစီအစဉ်အရ မဟာမဲခေါင်ဒေသ တွင်း စီးပွားရေးစြင်္ကံများအကြား ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး (Seminar on Trade Facilitation of GMS Economic Corridors) ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဧပြီ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဆွေးနွေးပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံရဲ့ အာဆီယံဒေသ တွင်းနိုင်ငံများ၊ GMS နိုင်ငံများနဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ ကုန်သွယ်မှု  လျင်မြန်ချောမွေ့စေရေး  ဆောင်ရွက်မှုအခြေအနေ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ရင်ဆိုင်ရတဲ့ အခက်အခဲများ၊ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများနဲ့ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှု လျင်မြန်ချောမွေ့ရေး ဆောင်ရွက်မှုများ၊ အောင်မြင်မှုအခြေအနေတွေနဲ့ အခွန်ကောက်ခံမှု အခြေအနေ တွေကိုသိရှိစေဖို့ ကျင်းပခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။
အဆိုပါဆွေးနွေးပွဲကို လာအိုနိုင်ငံကိုယ်စားလှယ် ရှစ်ဦး၊ ဗီယက်နမ် ကိုယ် စားလှယ် နှစ်ဦးနဲ့ မြန်မာနိုင်ငံမှ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ခုနစ်ဦး၊ စုစုပေါင်း ၁၇ ဦး တက်ရောက်ခဲ့ကြ ပါတယ်။ ဆွေးနွေးပွဲကာလအတွင်း လေ့လာရေးခရီးစဉ်အနေနဲ့ တရုတ်နိုင်ငံ  Jiangxi ပြည်နယ်သို့ပါ သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူများ စီးပွားရေးလုပ် ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကုန် သွယ်မှုနှင့်ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) များ တိုးမြှင့်ထုတ်လုပ်ပြီး ဈေးကွက်ထိုးဖောက်ဝင်ရောက်ရန်နဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့  Yunnan ပြည်နယ်အပြင် အခြားပြည် နယ်ဒေသများထိရောက်အောင် ဈေးကွက်ဝင်ရောက်ထိုးဖောက်ဖို့ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာနိုင်စေမှာ ဖြစ်ပါတယ်။
နကသ (ကမရ)

ပြည်ပသို့တင်ပို့သော ဧည့်မထဆန်ဖြူထက် တစ်တန်ကို ကန် ဒေါ်လာ ၁၀၀ ခန့် ပိုမိုရရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူကြိုက် များပြီး စားသုံးမှု ၇၀ ရာခိုင်နှုန်းရှိသော ပေါင်းဆန်ကို ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင် ရန်အတွက် ဈေးကွက် ဝယ်လိုအားရှိသောပေါင်းဆန်စက်ရုံများကို ဧရာဝတီတိုင်းဒေသကြီးအတွင်း တည်ဆောက် လျက်ရှိရာ ဘိုကလေးမြို့၊ အောင်ရတနာ သန်းဆန်စက်မှာ တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက် တစ်လုံး၊ ဒေးဒရဲမြို့ အောင်တံခွန် ဆန်စက်တွင် တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက်တစ်လုံး၊ အိမ်မဲမြို့ သိန်းတစ်ရာ ဆန်စက်မှာ တစ်နေ့တန် ၇၀ ကျ ပေါင်းဆန်စက်တစ်လုံး စမ်းသပ်ကြိတ် ခွဲလျက်ရှိပြီး၊ ပုသိမ်မြို့ ဝဲဒေါင့်ရပ်ကွက်တွင်လည်း ခေတ်မီပေါင်းဆန် စက်တစ်လုံးအား တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။
မင်းမင်းဦး

၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့တွင် နေပြည်တော်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌  မီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ MFTB နှင့် MICB ဘဏ်များတွင် နိုင်ငံခြားငွေစာရင်း  ဖွင့်လှစ် ထားသူ  နိုင်ငံသားများအား ၂၀၀၇ ခုနှစ်နှင့်အထက်  မော်ဒယ်လ်ကားများ  တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။  အဆိုပါ  လုပ်ငန်းစဉ်၏ နောက်ဆက်တွဲ အကောင်အထည် ဖော်မှုအနေဖြင့် ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာန မှ မော်တော်ကားများ တင်သွင်းရာတွင် ဆောင်ရွက်ရမည့်လျှောက်လွှာပုံစံနှင့်  လိုအပ်ချက်များ အား ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါထုတ်ပြန် ချက်များအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (နေပြည် တော်)နှင့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန၊  ရန်ကုန်တိုင်းဒေသကြီးရုံးတို့ရှိ ကြော်ငြာသင်ပုန်းများတွင် ဖော်ပြထားကြောင်း သတင်းရရှိသည်။ မော်တော်ကားတင်သွင်းခွင့် လျှောက်လွှာပုံစံနှင့် လိုအပ်ချက်များ

နိုင်ငံခြားသားများအနေနဲ့ အမေရိကန်ဒေါ်လာ တစ်သောင်း (၁၀၀၀၀) သို့မဟုတ် ယင်းနဲ့ညီမျှငွေထက်မပိုတဲ့ မည်သည့်နိုင်ငံခြားငွေ ကိုမဆို ပြည်တွင်းကိုရောက်ရှိတဲ့အခါ အကောက်ခွန်ဦးစီးဌာနကို ကြေ ညာခြင်းမပြုဘဲ  မြန်မာနိုင်ငံအတွင်းကို ယူဆောင်လာနိုင်ကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှုဌာနမှ ၂၀၁၂ ခုနှစ် ဧပြီ ၃ ရက်မှာ ထုတ်ပြန်ကြေညာ ကြောင်းသိရပါတယ်။ ယင်းခွင့်ပြုချက်ကို ယင်းဝန်ကြီးဌာနရဲ့ ၁၉၆၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့စွဲနဲ့ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာ အမှတ် အီးစီဒီ-၅၉ မှာ ဖြည့်စွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယခင်က နိုင်ငံခြားသားများဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀နဲ့ အထက်ယူဆောင်လာရင် အကောက်ခွန်ဦးစီးဌာနမှာ ကြေညာပြီးမှသာ နိုင်ငံအတွင်း ယူဆောင်ခွင့်ပြုထားကြောင်း သိရပါတယ်။  
MIRT

Pages

Subscribe to နောက်ဆုံးရ သတင်း