ကုန်စည်ပြပွဲများ
မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) မှ ကြီးမှူးပြီး စတုတ္ထအကြိမ် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ (Fourth Myanmar Food Exhibition 2015) ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဦးဝိစာရလမ်း ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမ၌ ဇန်နဝါရီလ ၂၃ ရက် နံနက် ၈ နာရီတွင်ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ် အမှုဆောင်များ၊ ဌာနဆိုင် ရာအကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌ နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် စီးပွားရေး အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးအဖွဲ့နှင့် အမှုဆောင်အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါပြပွဲအား မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် စားသောက်ကုန်များကို တစ်နေရာတည်း တစ်စုတစ်စည်းတည်းကြည့်ရှုလေ့လာနိုင်စေရန် ပြည်တွင်းဖြစ် စားသောက်ကုန် ပစ္စည်းများကိုပိုမိုသိရှိရင်းနှီးလာစေရန် ပြည်တွင်းလုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ဆက်သွယ်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများရရှိစေရန်နှင့် ပြည် တွင်းပြည်ပဈေးကွက်များချဲ့ထွင်လုပ်ကိုင် နိုင်စေရန်၊ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ အဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် ဘေးဥပဒ်အန္တရာယ်ကင်းရှင်းပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီတဲ့ အရည်အသွေးကောင်း စားသောက်ကုန်များထုတ်လုပ်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းသိရပါတယ်။
အဆိုပါပြပွဲတွင် ပြည်တွင်း၊ ပြည်ပ စားသောက်ကုန်ထုတ်လုပ်သူများ၊ ပြည်တွင်း၊ ပြည်ပစားသောက်ကုန် ဖြန့်ဖြူးရောင်းချသူများ၊ ပြည်တွင်း၊ ပြည်ပစားသောက်ကုန်ထုတ် လုပ်မှုနှင့် ပတ်သက်သော စက်ကိရိယာနှင့် နည်းပညာရောင်းချသူများ၊ အာဏာပိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြခန်းစုစုပေါင်း ၁၂၆ ခန်းတို့က ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိခင်းကျင်းပြသခဲ့ရာ စိတ်ပါဝင်စားသူပြည်သူများလာရောက်ကြည့်ရှုကြကြောင်းသိရှိရပါတယ်။
ခင်မောင်မောင်အုန်း
Thailand Week 2015 ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ရှင်စောပုလမ်း၊ Myanmar Event Park (MEP) ၌် ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီတွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Mrs Apiradee Tantraporn, နှင့် Director General Mrs Nuntawan Sakuntanga မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr.Pisanu Suvanajata နှင့် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါသည်။ အဆိုပါ ကုန်စည်ပြပွဲသည် ထိုင်း-မြန်မာစီးပွားရေး အခွင့်အလမ်းများ ရေရှည်တည်တံ့စေရန် ရည် ရွယ်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ကုမ္ပဏီပေါင်း ၇၁ ခုမှ ပြခန်းပေါင်း ၂၄၀ ကျော်ဖြင့် ကုန်ပစ္စည်းများခင်းကျင်းပြသခဲ့ပါသည်။
၎င်းကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံမှ သစ်သီးဝလံများ၊ ထိုင်းရိုးရာ အစားအစာများချက်ပြုတ်နည်းပညာများပြသခြင်း၊ ကျွေးမွေးခြင်း၊ ကျန်းမာရေးနှင့် အလှအပထုတ်ကုန်များ၊ ဖက်ရှင်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ဝန်ဆောင်မှုကဏ္ဍ/ဟိုတယ်၊ ဆောက်လုပ်ရေး၊ ပညာရေး၊ Spa၊ ကိုယ်စားလှယ် စက်မှုလုပ်ငန်းများ၊ ထိုင်းနိုင်ငံထုတ်ကုန် များနှင့် ဝန်ဆောင်မှုအခန်းကဏ္ဍများ၊ PM Award ရရှိသည့် ပုံစံဒီဇိုင်းဆန်းများ၊ နှစ်နိုင်ငံစီးပွားရေးကွန်ရက်ချိတ်ဆက်မှု ရောင်းသူ/ဝယ်သူ စီးပွားရေးနီးနှောဖလှယ်ပွဲများ၊ ထိုင်းနှင့် မြန်မာအကြား ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့်စပ်လျဉ်းသည့် စီးပွားရေးပညာပေး Seminars များအား၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၅ရက် မှ ၁၈ ရက်ထိ ကျင်းပပြု လုပ်ခဲ့ရာ စိတ်ပါဝင်စားသူများလုပ်ငန်းရှင်များနှင့် အများပြည်သူများလာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရှိရပါသည်။
KMT
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပြည်ပကုန်စည်ပြပွဲများစဉ်
ပြပွဲအမည် ကျင်းပမည့်ရက် ကျင်းပမည့်နေရာ
၁။ 7th Cambodia Import Export ၁၅-၁၂-၂၀၁၂ ကမ္ဘောဒီးယားနိုင်ငံ
& One Province One Product ၁၈-၁၂-၂၀၁၂ ထိ ဖနောင်ပင်မြို့
Exhibition 2012
၂။ 2nd India ASEAN Business Fair ၁၈-၁၂-၂၀၁၂ မှ အိန္ဒိယနိုင်ငံ
& Business Conclave 2012 ၂၀-၁၂-၂၀၁၂ ထိ နယူးဒေလီမြို့
၃။ ASEAN Pavilion & OTOP ၁၅-၁၂-၂၀၁၂ မှ ထိုင်းနိုင်ငံ
City Fair ၂၃-၁၂-၂၀၁၂ ထိ ဘန်ကောက်မြို့
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပြည်တွင်းကုန်စည်ပြပွဲများ
စဉ် ပြပွဲအမည် ကျင်းပမည့်ရက် ကျင်းပမည့်နေရာ
၁။ 2012 China Industry Expo ၆-၁၂-၂၀၁၂ မှ ရန်ကုန်မြို့
Myanmar ၈-၁၂-၂၀၁၂ ထိ တပ်မတော်ခန်းမ
၂။ Thailand Trade Exhibition ၆-၁၂-၂၀၁၂ မှ ရန်ကုန်မြို့
2012 ၉-၁၂-၂၀၁၂ ထိ တော်ဝင်စင်တာ
၃။ Thailand Trade Exhibition ၁၃-၁၂-၂၀၁၂ မှ မန္တလေးမြို့
၄။ ပထမအကြိမ်နိုင်ငံတကာမွေးမြူ ၇-၁၂-၂၀၁၂ မှ မြန်မာနိုင်ငံငါးလုပ်ငန်း
ရေးနှင့်ရေလုပ်ငန်းပြပွဲ ၈-၁၂-၂၀၁၂ ထိ အဖွဲ့ချုပ်အဆောက်အဦ
၅။ (၁၂) ကြိမ်မြောက် မြန်မာ-တရုတ် ၉-၁၂-၂၀၁၂ မှ မူဆယ်မြို့
နယ်စပ်ကုန်သွယ်ရေးပြပွဲ ၂၀၁၂ ၁၁-၁၂-၂၀၁၂ ထိ
၆။ Myanmar Int’l Textile & ၁၄-၁၂-၂၀၁၂ မှ ရန်ကုန်မြို့
Garment Industry Fair ၁၇-၁၂-၂၀၁၂ ထိ တပ်မတော်ခန်းမ
၎င်းရက်များတွင် ပြပွဲများပြုလုပ်မည်ဟု သတင်းရရှိပါသည်။