မုံရွာမြို့ မြေပဲဈေးကွက်တွင် တက်ဈေးဖြင့် အရောင်းအဝယ်သွက်

Tue, 10/24/2017 - 12:04 -- admin_ygn

    မုံရွာကုန်စည်ဒိုင်ဈေးကွက် အောက်တိုဘာလတတိယ ပတ် ဆီထွက်သီးနှံဈေးကွက်တွင် မြေပဲအသစ်များအနည်းငယ် ဝင်ရောက်လာပြီး ဝယ်လိုအားသွက်လာလို့ တက်ဈေးဖြင့် အရောင်းအဝယ်သွက်ခဲ့တယ်လို့သိရပါတယ်။
ယခုတစ်ပတ် မြေပဲဆန်ဈေးကွက်တွင်  တောင်နယ်လို့ ခေါ်တဲ့ချောင်းဦး၊ မြောင်၊ မြင်းမူမှလာတဲ့ မြေပဲလုံးဆန်ဖြူက ဈေးပိုရခဲ့ရာ အသစ်တစ်ပိဿာလျှင်ကျပ်၂၆၀၀နှင့် အဟောင်း တစ်ပိဿာလျှင် ၂၃၂၅ ကျပ် ဈေးဖြစ်ပေါ် ခဲ့တယ်လို့ သိရှိရပါ တယ်။ လုံးဆန်နီဈေးကွက်မှာတော့  အသစ်တစ်ပိဿာလျှင် ကျပ် ၂၃၀၀-၂၃၅၀၊ အဟောင်းတစ်ပိသာလျှင် ကျပ်၂၄၅၀-၂၅၀၀ နှင့် ဆီဆန်တစ်ပိဿာလျှင် ကျပ်၁၉၃၀-၁၉၅၀  အသီး သီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တစ် ရက်လျှင် လုံးဆန်ဖြူအိတ် ၇၀၀ မှ ၁၂၀၀ ကြားနဲ့ လုံးဆန်နီ အိတ် ၁၀၀ ခန့်  အရောင်းအဝယ်ရှိတယ်လို့   မုံရွာကုန်စည်ဒိုင် ရပ်ကွက်မှ သိရှိရပါတယ်။ယခုတစ်ပတ်နှ မ်းမျိုးစုံဈေးကွက်မှာ နှမ်းဖြူ တစ်တင်း ကျပ် ၃၃၀၀၀-၃၆၀၀၀၊ နှမ်းညိုတစ်တင်း ကျပ် ၂၉၅၀၀နှင့် နှမ်းနက်တစ်တင်း ကျပ် ၃၃၀၀၀-၃၆၀၀၀ဖြင့် ယခင်တစ်ပတ် ထက်ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တစ်ရက်လျှင် နှမ်းမျိုးစုံအိတ် ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန် သည်ရပ်ကွက်မှ သိရှိရပါတယ်။
လင်းလင်းသန့်

Local Trade News

Pages