မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီး ဈေးမြင့်တက်

Thu, 07/21/2016 - 06:44 -- admin_ygn

ဒီတစ်ပတ် မုံရွာဈေးကွက်မှာ  ပဲတီစိမ်းနဲ့  ပဲစင်းငုံနီဈေး ပြောင်းလဲမှုမရှိဘဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း  ဆက်လက်ရှိနေ ပြီး၊ ကုလားပဲဖြူလုံးကြီးကတော့ ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီး ကတော့ ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း တစ်ပိဿာ  ၁၃၉၄ ကျပ်(တစ်တန်ကို ၈၅၃၆၇၁ ကျပ်)နဲ့ ဈေးဖွင့်ခဲ့ပြီး အရောင်းအဝယ်ပုံမှန်ဖြစ်ကြောင်း သိရပါ တယ်။  ပဲစင်းငုံနီဈေးကလည်း   ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း တစ်ပိဿာ ကျပ် ၂၃၉၀ (တစ်တန်ကို ၁၄၆၃၆၁၂ ကျပ်) နဲ့ဈေးဖွင့်ခဲ့ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဒေသတွင်း ဝယ်လိုအားပုံမှန်ရှိနေတဲ့ ကုလားပဲဖြူလုံး ကြီးက ယခင်တစ်ပတ်က တစ်ပိဿာ ၂၀၄၂ ကျပ်ရှိနေရာက ယခု တစ်ပတ်မှာ တစ်ပိဿာကို ၂၁၈၄ ကျပ် (တစ်တန်ကို ၁၃၃၇၄၅၉ ကျပ်) အထိ ဈေးမြင့်ခဲ့ကြောင်း သိရပါတယ်။