မကွေးမြို့နယ်အတွင်း မိုးနှမ်းသီးနှံများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်

Thu, 08/22/2024 - 05:11 -- mocadmin

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးနှမ်းများ လှိုင်လှိုင်ထွက်ပေါ်လျက် ရှိရာ မကွေးဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ၊ တတိယပတ်တွင်နှမ်းဖြူ(ဂျပန်) တစ်တင်းလျှင် ငွေကျပ် ၁၅၀,၀၀၀၊ နှမ်းဖြူ(ခြုံကျော်)တစ်တင်းလျှင် ငွေကျပ် ၁၄၃,၀၀ဝ၊ နှမ်းနီတစ်တင်းလျှင် ငွေကျပ် ၁၃၈,၀၀၀၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ငွေကျပ် ၂၁၅,၀၀၀ ဖြင့် မိုးနှမ်းသီးနှံတင်းပေါင်း ၂၉၃,၉၅၀ တင်း၊ တန်အားဖြင့် ၄၈၀ တန်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊  ဩဂုတ်လ၊ ဒုတိယပတ်နှင့် ဩဂုတ်လ၊ တတိယပတ် အရောင်းအဝယ်ဖြစ် သည့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဩဂုတ်လ၊ ဒုတိယပတ်အတွင်း နှမ်းဖြူ(ဂျပန်) တစ်တင်းလျှင် ငွေကျပ် ၁၄၃,၀၀ဝ၊ နှမ်းဖြူ(ခြုံကျော်) တစ်တင်းလျှင် ငွေကျပ် ၁၃၈,၀၀ဝ၊ နှမ်းနီ တစ်တင်းလျှင် ငွေကျပ် ၁၃၅,၀၀ဝ၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ငွေကျပ် ၂၀၀,၀၀ဝ ပေါက်ဈေးရှိရာ ဩဂုတ်လ၊ တတိယပတ်တွင် နှမ်းဖြူ(ဂျပန်) တစ်တင်းလျှင် ငွေကျပ် ၇,၀၀ဝ၊ နှမ်းဖြူ(ခြုံ) တစ်တင်းလျှင် ငွေကျပ် ၅,၀၀ဝ၊ နှမ်းနီတစ်တင်းလျှင် ငွေကျပ် ၃,၀၀ဝ၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ငွေကျပ် ၁၅,၀၀ဝ စသည်ဖြင့် ဈေးနှုန်းမြင့်တက်၍ အ‌ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ရာသီဥတုမမှန်ခြင်း၊ အထွက်နှုန်း လျော့နည်းခြင်းနှင့် ပြည်ပဝယ်လိုအားကောင်းမွန်ခြင်းတို့ကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်း ဆီကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များနှင့် နှမ်းလှော်ဖိုလုပ် ငန်းများမှ ဝယ်ယူမှုအပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချရှိပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News