ပွင့်လင်းရာသီတွင် ပြည်ပပို့ကုန် ပုသိမ်ထီးဈေးကွက် အရောင်းအဝယ်သွက်လျက်ရှိ

Wed, 01/18/2017 - 08:13 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် ပုသိမ်ထီးများမှာ ဈေးကွက် တွင် ပြည်တွင်းထက် ပြည်ပနိုင်ငံများမ ပို၍နှစ်ခြိုက်စွာ ဝယ်ယူမှုရှိကြောင်း ထုတ်လုပ်မှု၏သုံးပုံတစ်ပုံခန့်မှာ  ပြည်တွင်း ၌ရောင်းချရပြီး သုံးပုံနှစ်ပုံ ခန့်မှာ ပြည် ပနိုင်ငံ များမှဝယ်ယူလျက်ရှိတယ်လို့သိရပါတယ်။ ပြည်တွင်းဈေးကွက် တွင် ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေဒေသ ဟိုတယ်များ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်မြို့များရှိ  ဟိုတယ်များတွင် အလှ ဆင်ရန်အတွက်လည်း ဝယ်ယူလျက်ရှိပြီး မြန်မာ့ရိုးရာ ရှင်ပြုနားသ၊ အလှူမင်္ဂလာပွဲများနှင့် မင်္ဂလာဆောင်လက်ဖွဲ့ပြန်ပေးရန်အတွက်လည်း အော်ဒါများမှာယူလျက်ရှိကြောင်း၊ပုသိမ်မြို့တောရကျောင်းလမ်းမှ ရွှေစာထီး လုပ် ငန်း ရှင် ဦးအောင်နိုင်က ပြောပါတယ်။ပုသိမ်ဈေးကွက်တွင်ပုသိမ်ထီးကိုအီးယူဒေသတွင်းနိုင်ငံများမှ နိုင်ငံသားများနေ့စဉ်နီးပါးလာရောက်ဝယ်ယူလျက်ရှိပြီး ရန်ကုန်ကုမ္ပဏီများမှ တစ်ဆင့် နှစ်စဉ်ဂျာမနီနိုင်ငံသို့ ခြောက်ပေ၊ရှစ်ပေ ဟိုတယ် သုံးထီးအလက် ရေ ၄၀၀၊၅၀၀ခန့်ကို ပင်လယ်ရေကြောင်းမှ တင်ပို့ရောင်းချလျက်ရှိပြီး လိမ္မော်ရောင်၊ နီညိုရောင်၊ မော်ဒယ်စိမ်းရောင် အရောင်သုံးမျိုးမှာ အကြိုက် များပြီး အဝါ၊ အဖြူ၊ အနီ၊ အစိမ်းရောင်စုံပြုလုပ်ပေး ရကြောင်း ၊ ထီးပေါ်တွင် ကနုတ်ပန်းချီဖြင့် အလှဆင်ထားသော ဒီဇိုင်းအမျိုးမျိုးရေးဆွဲလျက် မြန်မာ့ အနုပညာကို ဖော်ထုတ်ပြသထားပြီး ရှေးခေတ်ရိုးရာမပျက် ဒီဇိုင်းများနှင့် ခေတ်ပေါ် ဒီဇိုင်းအမျိုးမျိုးတို့ကို ရေးဆွဲထားသည့်အတွက် ဝယ်ယူ သူများ ကြိုက်နှစ်သက်မှုရှိ၍ ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ရသည့် မြန်မာ့လက်မှုရိုးရာအစစ်ဖြစ်သည့်အတွက် ပြည်ပနိုင်ငံသားများက တန်ဖိုး ထားဝယ်ယူမှုရှိကြောင်း ရွှေစာထီးလုပ်ငန်းရှင် ဦးအောင်နိုင်က ပြောကြား ပါတယ်။                     
 ကျော်ဋ္ဌေး(ပုသိမ်)

Local Trade News

Pages