ပခုက္ကူဈေးကွက်၌ ပဲတီစိမ်းအသေး(ခေါ်)ပဲနောက်သီးနှံများ ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်

Wed, 08/21/2024 - 08:24 -- mocadmin

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပဲတီစိမ်းအသေး(ခေါ်)ပဲနောက်သီးနှံများ ဩဂုတ်လ၊ ပထမပတ်မှစတင်၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းအသေး (ခေါ်) ပဲနောက် သီးနှံများကို တစ်နှစ်လျှင် နှစ်ရာသီ မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးကြပြီး ပခုက္ကူခရိုင် အတွင်း အများဆုံးစိုက်ပျိုးသည့် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသော ပဲတီစိမ်းအသေး (ခေါ်) ပဲနောက်သီးနှံများ အများဆုံးဝင်ရောက်ကာ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ဩဂုတ်လ၊ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း မှာ ပဲတီစိမ်းအသေး (ခေါ်) ပဲနောက်သီးနှံ တစ်တင်းလျှင် ငွေကျပ် ၇၆,၃၀၀-၇၅,၀၀၀ နှုန်းဖြင့် တစ်ရက်လျှင် ပိဿာချိန် ၃၀ ဝင် အိတ်ရေ ၃၀၀ မှ ၅၀၀ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ၊ ပထမပတ်နှင့် ဒုတိယပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဩဂုတ်လ၊ ပထမပတ်တွင် ပဲတီစိမ်း အသေး (ခေါ်) ပဲနောက်သီးနှံ တစ်တင်းလျှင် ငွေကျပ် ၇၃,၅၀၀-၇၂,၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ သဖြင့် ဩဂုတ်လ၊ ဒုတိယပတ်တွင် ပဲတီစိမ်းအသေး(ခေါ်) ပဲနောက်သီးနှံ တစ်တင်းလျှင် ငွေကျပ် ၂,၈၀၀ ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသ တွင်း ဝယ်ယူစားသုံးမှုအပြင် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့  တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA (မကွေး)

Local Trade News