နို့ဆီနို့မှုန့် အဝင်လျော့

Thu, 03/31/2016 - 06:43 -- admin_ygn

 
မတ် ၁၃ ရက်မှ ၁၉  ရက် သီတင်း ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ ကန်ဒေါ်လာ ၃၁၈၀၀၀ တန်ဖိုးရှိ နို့ဆီ ၁၂ တန်ကို တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာဒွန်းနို့ဆီတစ်မျိုး သာ ဝင်လာခဲ့တယ်လို့  သိရပါတယ်။ ယခင်သီတင်းပတ်မှာ    နို့ဆီတန်ချိန် ၂၉၀ ကျော်အထိ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီတော်တော်လေးအဝင်လျော့ခဲ့ပါတယ်။ဒီတစ်ပတ်မှာ   ကန်ဒေါ်လာ ၂၅၉၄၆၄ တန်ဖိုးရှိ နို့မှုန့် ၁၀၁ ဒသမ ၆၀ တန်ကို နယူးဇီလန်နဲ့ ကန်ဒေါ်လာ ၉၄၇၇၄ တန်ဖိုးရှိ နို့မှုန့် ၁၂ ဒသမ၄၂၁ တန်ကိုစင်ကာပူမှတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နို့မှုန့် အဝင်မှာ တန်ချိန် ၃၀၀ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၁၈၀ကျော်အဝင်လျော့နည်းခဲ့ တယ်လို့ သိရပါတယ်။

Local Trade News

Pages