တရုတ်နယ်စပ်ရော ထိုင်းနယ်စပ်ကပါ တစ်သျှူးငှက်ပျော တင်ပို့

Tue, 01/17/2017 - 06:20 -- admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးကုန်သွယ်ရေးစခန်း နှစ်ခုမှ ဇန်နဝါရီ ပထမသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၉၁၄ သန်းတန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၁၂၁ တန်ကျော်ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆၄၄၈၃ တန်ဖိုးရှိ တစ်သျှူးငှက်ပျော တန် ၂၀၀ ကိုလည်းကောင်း အသီးသီး တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်က အဆိုပါစခန်းသုံးခုမှ တစ်သျှူးငှက်ပျော ၁၇၄၄ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၅၇၇ တန် ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ ရပါတယ်။ကချင်ပြည်နယ် ဝိုင်းမော်ဒေသတစ်ဝိုက်မှာ တစ်သျှူးငှက်ပျောကို ဘိန်း အစားထိုးသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ မြစ်ကြီးနား၊ မိုးမောက်၊ မံစီ၊ ဝိုင်းမော်နဲ့ ရွှေကူမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြောင်း၊ တရုတ်နိုင်ငံမှ စိုက်ပျိုးရေးပညာ ရှင်တွေ ကိုယ်တိုင်ငှက်ပျောစိုက်ခင်းများမှာ လာရောက်လုပ်ကိုင်ကြကြောင်း ကန် ပိုက်တီးကုန်သွယ်ရေးစခန်းမှ သတင်းရရှိပါတယ်။              

  မော်မော်အောင်