ဆိပ်ဖြူမြို့တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု

Thu, 06/15/2023 - 06:39 -- comsumer

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ် ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ၂၀၂၃ ခုနှစ် ဇွန်လ(ပထမပတ်)အတွင်း တစ်ရက်လျှင် ကြက်သွန်နီ  ပျမ်းမျှပိဿာချိန် (၄)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခွဲခန့် ဈေးကွက်သို့ဝင်ရောက် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ဈေးနှုန်းအနေဖြင့် ဇွန်လ(ပထမ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာလျှင် အမြင့်ဈေးထိပ်စ(ရှယ်) ကျပ်(၁၉၀၀- ၂၀၂၅)၊ အလတ်စ ကျပ်(၁၈၀၀-၁၈၅၀)၊ အနိမ့်ဈေး ကျပ်(၁၆၂၅-၁၇၀၀) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုအပတ်၌ ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၉၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုအပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၁၂၅)၊ အလတ်စနှင့်အနိမ့်စတို့မှာ ကျပ်(၁၀၀)စီခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရသည်။

ယခုဇွန်လ(ပထမ)ပတ်အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ(၂)သိန်းခွဲခန့်၊ (၈၃၃၂) အိတ်၊ တန်ချိန်(၄၀၈)ခန့်ကို ဆိပ်ဖြူမြို့မှအခြားတိုင်းဒေသကြီးများဖြစ်သော ရန်ကုန်ဘုရင့်နောင်ပွဲရုံ နှင့် မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ သိရသည်။

DOCA (မကွေး)

 

Local Trade News

Pages