ဆန်သစ်များ ဈေးအနည်းငယ်တက်သော်လည်း အရောင်းအဝယ်ပုံမှန်ဖြစ်

Thu, 01/28/2016 - 05:11 -- admin_ygn

ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများမှာဇန်နဝါရီလ ၂၂ ရက် ဖျာပုံပေါ်ဆန်းဆန်သစ်ဈေးကတော့ထိပ်စတစ်အိတ် ၃၀၅၀၀ ကျပ်၊လတ်စတစ်အိတ်၂၉၅၀၀ ကျပ်၊မြောင်းမြ၊ပုသိမ်ပေါ်ဆန်းဆန် အသစ်ဈေး ထိပ်စတစ်အိတ် ၃၁၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၀၀၀၀ ကျပ်နဲ့  နယ်စုံပေါ်ဆန်းဆန်သစ်ဈေး ထိပ်စတစ်အိတ် ၃၀၀၀၀ ကျပ်၊ လတ်စတစ်အိတ် ၂၇၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ထိပ်စတစ် အိတ် ၅၀၀ ကျပ်ခန့်ဈေးတက်လာကြောင်း၊ ကုန်စည်ဒိုင်ဈေးနှုန်းစာရင်းအရ စိစစ်တွေ့ရှိရပါတယ်။ ပေါ်ဆန်းဆန်ဟောင်းများဖြစ်တဲ့ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်နဲ့နယ်စုံတို့ရဲ့ ပေါ်ဆန်းဆန်ချောဈေးနှုန်းများ ပြောင်းလဲမှုမရှိဘဲ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပါတယ်။ ဆန်ချောဖြစ်တဲ့ ပေါ်ဆန်း ဆန်ဟောင်းက အဝယ်မလိုက်ဘဲ ဈေးငြိမ်နေပြီး ဒိုင်သို့လည်းအဝင်နည်းကြောင်း၊ ပေါ်ဆန်း ဆန်သစ်ဒိုင်သို့ အဝင်ပုံမှန်ရှိပြီး၊ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ ကုန်စည်ဒိုင် ဈေးကွက်မှသိရပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်အသစ်ဈေးကတော့ ထိပ်စတစ်အိတ် ၂၁၅၀၀ ကျပ်၊ လတ်စ တစ်အိတ် ၂၁၀၀၀ ကျပ်၊ မနောသုခသစ်ရှယ် ဈေးနှုန်းက ၂၂၀၀၀ ကျပ်မှ ၂၃၀၀၀ ကျပ်ဈေးဖြစ်လို့ ယခင်တစ် ပတ်ထက် ထိပ်စနဲ့လတ်စတစ်အိတ်ကို ၅၀၀ ကျပ်ခန့် ဈေးမြင့်လာပါတယ်။ ဆန်ကြမ်းအဝင်နည်းပြီး အရောင်းအဝယ်ပုံမှန်နဲ့ ခပ်အေးအေးသာသွားနေကြောင်း ဈေးကွက်မှစုံစမ်းသိရှိရပါတယ်။ယခုတစ်ပတ် မူဆယ်ဆန်ဈေးကွက် ရဲ့ ဇန်နဝါရီ ၂၂ ရက်ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ် မှော်ဘီ၊ စူပါ၊ ဆန်ဈေးနှုန်းမှာ တစ်ယွမ်ခန့် တက်လာပြီး၊ ဧည့်မထ ၅ မှတ် မနောသုခ ဆန်ဈေးနှုန်းမှာ  တစ်ယွမ်ခန့် ဈေးကျကြောင်း၊ ကျန်ဆန်များမှာဈေးနှုန်း ပြောင်းလဲ မှုမရှိဘဲဈေးငြိမ်နေကာအရောင်းအဝယ် အနည်းငယ်အေးနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၂  ရက်ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၉၆ကျပ်ဖြစ်ကြောင်း၊ ဒီတစ်ပတ် ပြည်တွင်းနယ်စုံမှ မူဆယ်သို့ နေ့စဉ်ဆန်တန်ချိန်ပျမ်းမျှ  ၁၀၀၀ ကျော် ၂၀၀၀ ခန့် ဝင်ရောက်နေပြီးယခုတစ်ပတ်အတွင်း မူဆယ်သို့ စုစုပေါင်းတန်ချိန် ၉၀၇၇ ခန့်ဝင်ရောက်ခဲ့လို့ ယခင်တစ်ပတ်ထက်တန်ချိန်၄၂ပိုမိုဝင်ရောက်ခဲ့တယ်လို့မူဆယ်ဆန်ဈေးကွက်မှသိရပါတယ်။မြန်မာ့ဆန်ပြည်ပတင် ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ ဇန်နဝါရီ ၁၅ ရက်ထိ တန်ချိန် ၉၀၆၅၂၅ ကျော်၊ တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ ၃၃၂ သန်းကျော်ဖိုးရှိနေပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၁၇၁၆၀၈ ကျော်၊ လျော့နည်း တင်ပို့ ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉ သန်းကျော်ဖိုးရှိပါတယ်။ ဆန်ကွဲပြည်ပတင်ပို့မှုမှာ တန်ချိန် ၃၀၇၂၅၁ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၅ သန်းကျော်ဖိုးရှိနေပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက်တန်ချိန် ၅၁၅၁၆ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ဖိုးရှိကြောင်းသိရပါတယ်။               

MIRT-YGN

 

Local Trade News

Pages