စလင်းမြို့နယ်ဒေသထွက်နှမ်းသီးနှံ ဈေးနှုန်းဈေးကွက်

Mon, 08/05/2024 - 08:43 -- mocadmin

   မကွေးတိုင်းဒေသကြီးသည် ပဲ၊ နှမ်း၊ နေကြာနှင့် ဝါစသော ဆီထွက်သီးနှံများ အဓိကစိုက်ပျိုး ထွက်ရှိသော ဒေသတစ်ခုဖြစ်ပြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့နှင့် ရွာမတော်၊ ပေါက်ရင်းကုန်း၊ မြောင်းကောက်၊ အရှေ့ကန်ဘောင်၊ ပျိုးခင်းကုန်းစသည့် ကျေးရွာများ တွင် နွေနှမ်း စိုက်ဧကပေါင်း ၂၃၀၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

   စိုက်ပျိုးမှုအနေဖြင့် နွေနှမ်းများကို ဧပြီလတွင် စတင်စိုက်ပျိုးပြီး ဇွန်လလယ်တွင် စတင်ရိတ် သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဂျပန်နှမ်းဖြူမျိုးနှင့် နှမ်းနက်(စမုန်)မျိုးများကို စိုက်ပျိုး ကြပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၉၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၅ တင်း ခန့်ထွက်ရှိပြီး လက်ရှိအချိန်တွင် ဂျပန်နှမ်းဖြူ တစ်တင်းလျှင် ငွေကျပ် ၁၃၅,၀၀၀-၁၄၀,၀၀၀ ဖြင့် လည်းကောင်း၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ငွေကျပ် ၁၅၀,၀၀၀-၁၅၅,၀၀၀ ဈေးနှုန်းဖြင့်လည်းကောင်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ဂျပန်နှမ်းဖြူ တစ်ဧကလျှင် ငွေကျပ် ၁,၁၂၅,၀၀၀၊ နှမ်းနက်(စမုန်) တစ်ဧကလျှင် ငွေကျပ် ၁,၃၅၀,၀၀၀ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

   ဈေးကွက်အနေဖြင့် စလင်းမြို့နယ်မှ ထွက်ရှိသည့် နှမ်းသီးနှံများကို စလင်းမြို့နှင့် ဆင်ဖြူ ကျွန်းမြို့တို့ရှိ ပွဲရုံများသို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင် ရာသီဥတု မျှတကောင်းမွန်သည့်အတွက် နှမ်းအထွက်နှုန်းများ ကောင်းမွန်ပြီး ဈေးကောင်းရရှိသောကြောင့် နှမ်းစိုက်တောင်သူများ အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages