ကျောက်ဆည်ခရိုင်၌ မိုးနေကြာ ရိတ်သိမ်းပြီးစီးမှုနှင့် စျေးနှုန်းစျေးကွက်

Tue, 10/01/2024 - 06:48 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ‌‌ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ‌နေကြာ သီးနှံကိုလည်း စိုက်ပျိုးကြကြောင်း၊ ၂၀၂၄ ခုနှစ်တွင် မိုးနေကြာစိုက်ပျိုးမှုအနေဖြင့်  ကျောက်ဆည် မြို့နယ်တွင် ၃၀၈၆ ဧက၊ စဥ့်ကိုင်မြို့နယ်တွင် ၂၈၆၁ ဧက၊ မြစ်သားမြို့နယ်တွင် ၉၉၂ ဧက၊ စု‌စုပေါင်း ၆၉၃၉ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   မိုးနေကြာသီးနှံကို သီးညှပ်စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုးမှုဟူ၍ စိုက်ပျိုးကြပြီး ဇွန်လတွင် စတင်စိုက်ပျိုး၍ စက်တင်ဘာလတွင် မိုးနေကြာများရိတ်သိမ်းပြီးဖြစ်ကြောင်း၊ နေကြာသီးနှံကို မိုးနေကြာနှင့် ဆောင်းနေကြာဟူ၍စိုက်ပျိုးပြီး မျိုးအနေဖြင့် ဆင်းရွှေကြာ-၁ မျိုးနှင့် ဆင်းရွှေကြာ-၂ မျိုးများကို အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါ အဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၅၀,၀၀ဝ ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၂၅-၂၇ တင်း ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နေကြာတစ်တင်းလျှင် ငွေကျပ် ၆၀,၀၀၀၊ နေကြာဆီ တစ်ပိဿာလျှင် ငွေကျပ် ၂၀,၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် နေကြာသီးနှံများကို မြို့ပေါ်ရှိ ပွဲရုံများသို့‌ တင်ပို့ရောင်းချကြပြီး ပွဲရုံများ မှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ အကျိုးအမြတ် အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁,၂၅၀,၀၀၀ ခန့် ရရှိကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးခြင်းသည် စိုက်ပျိုးမှုကုန် ကျစရိတ် သက်သာပြီး မိသားစုစားသုံးဆီ ဖူလုံသည့်အပြင် အကျိုးအမြတ်များ ရရှိသောကြောင့် နေကြာသီးနှံများကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း တောင်သူ တစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages