ကုလားပဲဈေးနှုန်းမြင့်တက်၍ တောင်သူများ အကျိုးအမြတ်ရရှိ

Tue, 09/03/2024 - 10:51 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့အနောက်ပိုင်း ရွာသစ်ရပ်ကွက်နှင့် ကိုးထောင့်၊ အောက်ဆိပ်၊ ချင်တောင်၊ မြင်ကဝ၊ ဂွေးပင်၊ ကူရှည်၊ အလယ်စု၊ ရွာမ၊ လိပ်ခြံအုပ်စု အတွင်းရှိ‌ ကျေးရွာများတွင် ဆောင်းသီးနှံကုလားပဲကို မြစ်ရေဝင်ရောက်သည့် ကိုင်းကျွန်းများ၊ ကြက်သွန်ခင်းကျွတ်များ၊ စပါးခင်းကျွတ်များတွင် စိုက်ဧက ၃,၀၀၀ ခန့် နှစ်စဉ်စိုက်ပျိုးကြပြီး ထိုင်ဝမ် ကုလားပဲလုံးကြီး (အဖြူ)မျိုးကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ကုလားပဲသီးနှံ စိုက်ပျိုးရာတွင် လွယ်ကူပြီး ကုန်ကျစရိတ်သက်သာ၍ အထွက်နှုန်းကောင်းမွန်သည့်အပြင် ဈေးကွက်ခိုင်မာမှုရှိသော ကြောင့် ယခုနှစ်တွင် စိုက်ဧက ၄၀၀၀ ခန့်အထိ ပိုမိုတိုးချဲ့ စိုက်ပျိုးထားရှိကြောင်း၊ ကုလားပဲသီးနှံကို မြေအောက်ရေတင်စနစ်ဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၆၀၀,၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၂၀-၂၂ ခန့်ထွက်ကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံ စတင်ထွက်ပေါ်ချိန်တွင် ကုလားပဲတစ်တင်းလျှင် ငွေကျပ် ၈၀,၀၀၀ ပေါက်ဈေးရှိပြီး အကျိုးအမြတ် အနေဖြင့် ၁၀ သိန်းခန့်ရရှိကြောင်း၊ ကုလားပဲသီးနှံ ထွက်ပေါ်စအချိန်တွင် တောင်သူများမှာ သီးနှံ အကုန်ရောင်းချခြင်းမပြုဘဲ သိုလှောင်ထားရှိကြောင်း၊ ဩဂုတ်လ‌၊ နောက်ဆုံးပတ်တွင် အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းအနေဖြင့် ကုလားပဲတစ်တင်းလျှင် ငွေကျပ် ၁၂၀၀၀၀ ပေါက်ဈေးဖြင့် ရောင်းချလျက်ရှိရာ ၁၈ သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုလားပဲများကို ပဲပွဲစားများထံသို့ ရောင်းချမှုများရှိသည့်အပြင် ချောက်မြို့ပေါ်ရှိ ပွဲရုံများသို့လည်း တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် ကုလားပဲဈေးနှုန်းမြင့်တက်ပြီး အထွက်နှုန်းကောင်းမွန်၍ စိုက်တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages