ကန့်ဘလူမြို့နယ်၌ ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Tue, 05/28/2024 - 04:57 -- mocadmin

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ် ကိုင်လျက်ရှိပြီး သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းသီးနှံများကိုလည်း စိုက်ပျိုး လျက်ရှိကြောင်း၊ ပဲတီစိမ်းကို ဖေဖော်ဝါရီလနှင့် မတ်လဆန်းတွင် စိုက်ပျိုးကြပြီး မေလတွင် စတင် ထွက်ပေါ်ကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်၍ ဈေးကွက်အတွင်း ဝင်ရောက် လျက်ရှိပြီး ပဲတီစိမ်းအရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages