သြင်္ကန်အပြီး ကြက်သွန်နီ လှိုင်လှိုင်ဝင်ရောက်ကာဈေးကျ

Wed, 05/04/2016 - 03:41 -- admin_ygn

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၁ ရက်မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ ၉၈၈၀၀၀ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၃၈၀၀၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၆၈၈၁၈ တန်ဖိုးရှိ ကြက်သွန်နီ ၅၈၂ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၅၂၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀၀ အသီးသီးတင်ပို့ခဲ့ပါတယ်။သြင်္ကန်ကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှ ထွက်ရှိတဲ့ ကြက်သွန်နီများ နယ်ဈေးကွက်အသီးသီးသို့နေ့စဉ်ဝင်ရောက်လျက်ရှိသဖြင့် ကြက်သွန်နီဈေးများဆက်လက်ကျဆင်းလျက်ရှိကြောင်း၊ မုံရွာ၊ ပခုက္ကူ၊ မန္တလေး၊ ရှမ်းပြည်နယ်ဒေသများမှထွက်ရှိတဲ့ ကြက်သွန်နီများဆက်တိုက် ဝင် ရောက်နေကာ တစ်ပိဿာလျှင် ၄၀၀-၅၀၀ ဈေးခန့်သာရှိနေကြောင်း ၊ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ကြောင်းတစ်လျှောက်နဲ့ ဆွာချောင်းတစ်လျှောက်ရှိ  တစ်ပိုင်တစ်နိုင် ကြက်သွန်စိုက် တောင်သူများစိုက်တဲ့ ကြက်သွန်ခင်းများမှလည်း ပိုလျှံတဲ့ကြက်သွန် များကိုဈေးကွက်သို့ပင်တင်ပို့ရောင်းချနိုင်တာကြောင့်ဝယ်ယူသုံးစွဲနိုင်မှုထက်ရောင်းလိုအားပိုလာတာကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်းရေတာရှည်မြို့ နယ်ဈေးကွက်အတွင်းမှ သိရပါတယ်။ 

မော်မော်အောင်

Border Trade News

Pages