မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှရေထွက်ကုန် တန်လေးထောင်ကျော်တင်ပို့

Fri, 05/06/2016 - 07:31 -- admin_ygn

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းတို့မှ ၂၀၁၆ ခုနှစ် မတ်လ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၄ဒသမ၇၄၂ သန်း တန်ဖိုးရှိ ရေထွက် ကုန် ၄၂၁၆ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် နဲ့ နှိုင်းယှဉ်ပါက ၇၅၂ တန်ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၂၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့  ငါးမျိုးစုံ ၆၂ တန်ကျော်၊ ကဏန်း ၂၄ တန်ကျော်နဲ့ ပုစွန်သုံးတန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ငါးတန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၂၂၉ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၁၄၀၂ တန်ကျော်၊ ပုစွန်ကိုးတန်ကျော် ၊ ကင်းမွန် ၃၁ တန်၊ အခြားရေထွက် ၅၁တန်ကျော်၊ ပင်လယ်ငါးရှဉ့် သုံးတန်ကျော်၊ ကဏန်း တစ်တန်ကျော်နဲ့ ရေဘဝဲ တစ်တန် ကျော်တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၇၁၈ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။
မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၃၈၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၁၅၈၈ တန်ကျော်၊ ငါးမှုန့် ၈၈၈ တန်ကျော်၊ ရေငန်ပုစွန် ၇၅ တန်ကျော်၊ ကင်းမွန် (အခွံချွတ်)၁၆ တန်ကျော်၊ ဂဏန်းနီ ၂၅ တန်ကျော်၊ ငါးအသားလွှာ ၂၄ တန်၊ ကင်းမွန်(ခေါင်း)ခုနစ် တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၈ တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။                                                
             

ခင်မြနွယ်

 

Border Trade News

Pages