မြဝတီကုန်သွယ်ရေးဇုန်၊ကော့သောင်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများမှ ရေထွက်ကုန် တန်ခြောက်ထောင်ကျော် တင်ပို့

Tue, 05/10/2016 - 08:30 -- admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများမှ ဧပြီ၂၃ ရက်မှ ၂၉ ရက်တာ ကာလအတွင်းကန်ဒေါ်လာ ၅ ဒသမ ၁၅၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၆၂၅၄ တန်ေ ကျာ်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၄၁၃၀ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှကန်ဒေါ်လာ သုည ဒသမ ၁၅၂ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၈၂ တန်ကျော်၊ကဏန်းမျိုးစုံ ၂၂ တန်ကျော်၊ငါးရှဉ့် ၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၅ တန်နီးပါးပိုမိုခဲ့ပါတယ်။ ကော့သောင်းကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၁၆၁ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၂၉၁၉ တန်ကျော် ၊ ကင်းမွန် ၇၄ တန် ၊ ပုစွန် ၇ တန်ကျော်၊ ပင်လယ် ငါးရှဉ့် ၄ တန်ကျော် ၊ ရေဘဝဲ ၄ တန် နီးပါးနဲ့ ကဏန်း ၁ တန်နီးပါးတင်ပို့ခဲ့ ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၇၈၃ တန်ကျော် ပိုမိုတင်ပို့ခဲ့ ပါတယ်။ မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၈၄၄ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၄၆၉ တန်ကျော်၊ငါးမှုန့် ၁၆၄၁ တန်၊ရေငံပုစွန် ၂၁ တန် ကျော်နဲ့ ကင်းမွန် ၂ တန်နီးပါးတင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၂၃၁၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ်

Border Trade News

Pages