မောင်တောမှ ဝါးလုံးများ ပိုမိုတင်ပို့

Tue, 10/30/2018 - 06:37 -- admin_ygn

     အောက်တိုဘာ ၆ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၂၄၀ဝ တန်ဖိုးရှိ ဝါးလုံးအကြီး တန် ၃၀ နဲ့ အမေရိကန်ဒေါ်လာ ၁၅၀ တန်ဖိုးရှိ ဝါးလုံးအသေး ၅၀ဝ ကီလိုဂရမ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဝါးလုံးအကြီး တန် ၂၀ သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မောင်တောမှ ဝါးများ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။
မော်မော်အောင်

Border Trade News

Pages