မေလဆန်းမှာ ရှမ်းချင်းကို ပြည်ပဝယ်လက်တို့ဝယ်ယူ

Wed, 05/17/2017 - 07:58 -- admin_ygn

အောင်ပန်းဈေးကွက်မှာ  ချင်း (စို)  အဝင်နည်းသွားပါတယ်။ တောင်သူတွေ ထံမှာလည်း အနည်းငယ်သာ ကျန်ရှိတော့တယ်လို့သိရပါတယ်။  ဒီနှစ်ထွက်တဲ့   ချင်း(စို) က ပြည် တွင်း/ပြည်ပမှာအဝယ်လိုက်နေလို့ အရောင်းသွက်နေ တယ်လို့လည်း သိရပါတယ်။ ဧပြီလမှာ ပြည်ပဝယ်လက်တွေရှိခဲ့လို့ ဖြုန်းအား  အနည်းငယ်ကောင်း ခဲ့ပါတယ်။ဧပြီလအကုန်မှာတော့ ပြည်ပဝယ်လက်တွေက  နားသွားလို့ ပြည်တွင်းသုံး   ချင်းထိုး သမားတွေသာ အဝယ်ရှိတော့ တယ်လို့လည်း သိရပါတယ်။  မေလဆန်း မှာတော့  အောင်ပန်းဈေးကွက်မှာချင်းကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ဖို့အတွက် ဝယ် လက်အချို့က ပြန်ပြီး  ဝယ်ယူနေကြပါတယ်။ ဒါပေမယ့် ချင်း(စို)ကိုပြန်ပြီး  စိုက်နေ တာကြောင့် ဈေးကွက် ကိုအဝင်နည်းလာလို့ ဈေးကလည်း  အနည်းငယ်တက်လာ တယ်လို့သိရပါတယ်။   ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(စို) တစ်ပိဿာကို အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကလည်း ကွာလာပါတယ်။ တစ်ပိဿာကို အနိမ့် ဆုံးကျပ် ၂၀၀ မှ  ကျပ် ၄၅၀ ၊ ကျပ် ၅၀၀ အထိ  ဈေးရှိလာပြီး   ပြည်ပဝယ်လက် တွေကတော့ အကောင်းဆုံး ထိပ်စတွေ ကိုသာ ဝယ်ယူတယ်လို့လည်း  သိရပါတယ်။ချင်းစိုက အရောင်းအဝယ်ကောင်းနေတော့ ချင်းခြောက်တွေက အရောင်းပါး နေပါတယ်။  ချင်းခြောက်တစ်ပိဿာပေါက်ဈေးက  ကျပ် ၁၃၀၀ ဈေးရှိပါတယ်။      

ဧဧခိုင်(တောင်ကြီး)

Border Trade News

Pages