ရှယ်ယာဈေးနှုန်းများ ဆက်လက်ငြိမ်သက်

Wed, 12/14/2016 - 05:54 -- admin_ygn

         ယခုတစ်ပတ်အတွင်း အစုရှယ်ယာဈေးနှုန်းများ ဆက်လက်ငြိမ်သက် လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကတည်းကငြိမ်သက်ခဲ့သည့် ပြည်တွင်း အစုရှယ်ယာေ ဈးများ သည် ယခုတစ်ပတ်တွင်လည်း အတက်အကျ မဆို သလောက်သာရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦးက ပြောကြားခဲ့သည်။
          "ပြီးခဲ့တဲ့တစ်ပတ်ကတည်းကဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေတာ။ ဒီတစ်ပတ်လည်း ဒီအတိုင်းပဲ။ ဒေါ်လာဈေးကတက်နေတော့ ရှယ်ယာ မှာ အရောင်းအဝယ် လုပ်နေကြတဲ့သူတွေက ဒေါ်လာဖက်ကို လှည့်ပြီး အရောင်း အဝယ် လုပ်နေကြတယ်။အဲဒါကြောင့် စတော့ဈေးကွက်မှာ ဈေးငြိမ်ပြီး အရော င်းအဝယ်ဖြစ်နေတာပါ"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။ဒီဇင်ဘာလ ၉ရက်က MTSH ၏ အစုရှယ်ယာဈေးနှု န်းသည် ကျပ်၄၅၀၀ ရှိခဲ့ပြီး FMI ၏အစုရှယ်ယာဈေးနှုန်းသည် ကျပ ် ၁၆၀၀၀ ရခဲ့သည်။ MTSH ၏ အစုရှယ်ယာဈေးနှုန်းသည်ကျပ် ၉၅၀၀ ရှိခဲ့ကြောင်း YSX ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Local Trade News

Pages