မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့်သီးနှံများ တရုတ်နိုင်ငံသို့ လွတ်လပ်စွာ တရားဝင် တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်း

Thu, 05/09/2019 - 06:08 -- admin_ygn

            မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများအပါအဝင် သစ်သီးဝလံများ အား တင်ပို့လျက်ရှိရာ အဓိကအားဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ သခွားမွှေး၊  သရက်သီး၊ နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ ချဉ်ပေါင်ဖာလာ၊ ဝဥနှင့်ဆီးသီးခြောက်တို့အများ ဆုံးတင်ပို့လျက်ရှိသည်။ ၂၀၁၇ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကုန်ပစ္စည်းအရည်အသွေးကြီးကြပ်ရေး၊ စစ်ဆေးေ ရးနှင့်ပိုးမွှားကင်းစင်မှု အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Quality Supervision, Inspection and Quarantine- AQSIQ) အဖွဲ့က မြန်မာနိုင်ငံ အနေဖြင့်   မင်းကွတ်သီး၊ Longan (တောကြက်မောက် သီး)၊   ကြက်မောက်သီး၊ လိုင်ချီးသီးစသည်တို့ကို ပင်လယ်ရေကြောင်း နှင့်နယ်စပ်နှစ်မျိုးစလုံးမှလည်းကောင်း၊  သရက်သီး၊ ဖရဲသီး၊ သခွားမွှေး၊ ကုလားဆီးသီးများကို နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းမှလည်းကောင်း     တရားဝင်တင်ပို့နိုင်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်သည်။

         မြန်မာနိုင်ငံက လက်ရှိတင်ပို့လျက်ရှိသည့် တစ်သျှူး ငှက်ပျော၊ သံပရာသီး၊ နာနတ်သီး၊ ထောပတ်သီးနှင့် ကျွဲကောသီးများကို တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များနှင့် PRA မေးခွန်းများ ကို  သက်ဆိုင်ရာဌာနဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနက ပြန်လည်ဖြေကြားပြီး  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ထံ ပြန်လည်ပေးပို့ထားပြီးဖြစ် သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ PRA မေးခွန်းဆိုင်ရာ ပြန်လည်ဖြေကြားချက်များနှင့်ပတ်သက် ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အပင်နှင့် တိရစ္ဆာန်ကူးစက် ရောဂါပိုးမွှားစစ်ဆေးရေးဌာနမှ ကျွမ်းကျင်ပညာရှင်များ လာရောက်၍ မြန်မာဘက်မှ ကျွမ်းကျင်သူများနှင့်တွေ့ဆုံဆွေးနွေး ကွင်းဆင်းလေ့လာမှုပြုလုပ်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား ချိတ်ဆက်ဆောင်ရွက် လျက်ရှိသည်။ယခုလို မြန်မာနိုင်ငံကထွက်ရှိသည့်  လယ်ယာထွက်ကုန်ပစ္စည်းများသာမက သစ်သီးဝလံများကိုပါ ဈေးကွက်ဝယ်လိုအားရှိသော တရုတ်နိုင်ငံကို တင်ပို့ရောင်းချနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်   စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ အကျိုးစီးပွားများ ပိုမိုတိုးတက်ရေးနှင့် နိုင်ငံ တော်၏ပို့ကုန်ဝင်ငွေတိုးတက်စေရေး တို့ကိုများစွာအထောက် အကူပြုနိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

သန်းသန်းနိုင် (နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ)

Local Trade News

Pages