ပြည်ဘိုကိတ်ပဲသစ်များ အဝင်များလာသလို ဈေးလည်းပိုရလာ

Tue, 12/05/2017 - 07:00 -- admin_ygn

           နိုဝင်ဘာလကုန်ပတ် ပြည်ပဲမျိုးစုံဈေးကွက်သို့ ပဲသစ်အချို့ဝင်ရောက် လျက်ရှိရာ တစ်ရက်လျှင်အိတ် ၇၀ ကျော် ၁၀၀ နီးပါးအထိ ဘိုကိတ်ပဲသစ် အဝင်များလာခဲ့ပါတယ်။ ပန်းတောင်းနှင့်ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက်ခြင်း ဖြစ်ပြီး လက်လီဝယ်ယူမှုပိုများနေခဲ့တာကို တွေ့ရပါတယ်။ ပဲဈေးမှာတစ်တင်း ကျပ် ၃၈၅၀၀ ဖြင့် ဈေးပိုရလာသလို အရောင်းအဝယ်လည်း ပိုများလာခဲ့တယ် လို့သိရပါတယ်။ယခင်နှစ်ကပဲသစ်ပေါ်ချိန်အဖွင့်ဈေးမှာတစ်တင်းကျပ် ၂၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ့အတွက် ယခုနှစ်မှာတော့ ပဲသစ်ပေါ်စအချိန်ထဲ က ဈေးကောင်းရလာနေပြီဖြစ်လို့ ပြည်ပဝယ်လက်ပဲများထက်ပင်ဈေးပိုရလျက် ရှိကြောင်းသိရှိရပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages