ဒီတစ်ပတ် ဒီဇယ်၊ ဓာတ်ဆီအဝင် များစွာလျော့

Tue, 06/28/2016 - 07:08 -- admin_ygn

         ဇွန် ၁၂ ရက်မှ ၁၈ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ ၅၇၉၄၉၆၀ တန်ဖိုးရှိ ဒီဇယ်၁၆၉ တန်နဲ့ ကန်ဒေါ်လာ၂၀၅၈၇၇၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၄ ဒသမ ၆၀၆ တန်ကို တင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ဒီတစ် ပတ်မှာ ၉၂၊ ၉၅ နဲ့ အဆင့်မြင့်ဒီဇယ်တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် ဒီဇယ်အဝင်မှာ ၂၇၅ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်း မှုနဲ့နှိုင်းယှဉ်ရင် ၁၀၆ တန်ကျော် တင်သွင်းမှုေ လျာ့ခဲ့ပြီး ယခင်တစ်ပတ် ဓာတ်ဆီ အဝင်မှာ တန်ချိန် ၄၇၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်ရင် တန်ချိန် ၄၂၀ ကျော် တင်သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။  ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီ၊ ဒီဇယ်အဝင် များစွာလျော့နည်းခဲ့ပါတယ်။
          နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်စခန်းမှ ကန်ဒေါ်လာ၄၃၃၆၀၇ တန်ဖိုးရှိ ဓာတ်ဆီ ၉၇၅ တန်နဲ့ ကန်ဒေါ်လာ၁၉၇၇၇၂ တန်ဖိုးရှိ ဒီဇယ် ၅၄၀ တန်တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။ မြဝတီစခန်းမှ  ကန်ဒေါ်လာ ၅၀၁၆၂ တန်ဖိုးရှိ ဒီဇယ် ၉၇ ဒသမ ၅ တန်နဲ့ မြိတ်စခန်းမှ ကန်ဒေါ်လာ၄၃၇၀၉၁ တန်ဖိုးရှိ ဒီဇယ် ၉၁၀ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ် ဈေးများက တော င်ကြီး မှာေ ဈးငြိမ်နေပြီး မော်လမြိုင်နဲ့ ရန်ကုန်မှာ ဈေးအနည်းငယ် မြင့်လာတယ်လို့ သိရပါတယ်။  ဒီတစ်ပတ် ပြင်ပမှာ လက်လီ ရောင်းချနေတဲ့ဒီဇယ်၊ ဓာတ်ဆီ ပီပါဈေးများမှာလည်း ယခင်တစ်ပတ်ဈေးနှင့်  နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်မှာ ဓာတ်ဆီဈေး  အနည်းငယ်ကျလာပြီး ဒီဇယ်ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ  ရောင်းချနေ တဲ့  အောက်တိန်း(၉၂)၊ အောက်တိန်း(၉၅)မှာ ဈေးငြိမ်နေ ပြီး ဒီဇယ်နဲ့ အဆင်မြင့် ဒီဇယ် ဈေး နည်းနည်းတက်ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၅၅၅ ကျပ်၊အောက်တိန်း (၉၂) ၅၇၀ ကျပ်၊ အောက် တိန်း (၉၅) ၆၅၀ ကျပ်၊ အဆင့်ြ မင့်ဒီဇယ် ၅၈၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဇွန်၂၀ ရက် ဒီဇယ်ဝယ်ဈေး ၁၁၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၂၀၀၀ ကျပ်ဈေးရှိခဲ့ပြီး ၂၁ ရက်တွင် ဝယ်ဈေး ၁၁၃၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၅၀၀၀ ကျပ် သို့ အနည်း ငယ်ဈေးပြန်တက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီပီပါ ဈေးမှာ ဇွန် ၂၀ ရက်တွင် ဝယ်ဈေး ၁၃၀၀၀၀ ကျပ်၊ ရောင်းဈေး ကျပ် ၁၃၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ၂၁ ရက်မှာ ဝယ်ဈေး ၁၂၄၀၀၀ ကျပ်၊ ေ ရာင်း ဈေး ၁၂၈၀၀၀ ကျပ်သို့ ဈေးပြန်ကျပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။တစ်ဂါလန်ဈေးမှာ ဒီဇယ်ရော ဓာတ်ဆီပါ တစ်ဂါလန် ၃၀၀၀-၃၂၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
           မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ ဈေးအနည်းငယ်ကျပြီး၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးနည်းနည်းမြင့် လာတယ်လို့ သိရပါ တယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ၆၇၀ ကျပ်၊ ဒီဇယ် ၆၀၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၆၄၅ကျပ်၊ အောက်တိန်း (၉၂) ၆၄၅ ကျပ်နဲ့ ရောင်းချနေပါတယ်။ပြင်ပ လက်လီ ဆိုင်များမှာ အရောင်းအဝယ် ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇွန်၂၀ ရက်ဒီဇယ်ဝယ်ဈေး ၁၁၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာဇွန် ၂၃ ရက်တွင် ဝယ်ဈေး ၁၁၄၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၇၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီ ဈေးမှာ ဇွန် ၂၀ရက်တွင် ဝယ်ဈေး ၁၂၅၀၀၀ကျပ်၊ ရောင်းဈေး ၁၂၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ပဲအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ပြ င်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၂၆၀၀ ကျပ်၊ ဓာတ်ဆီ ၃၂၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီမှာဈေးငြိမ်နေပြီး ဒီဇယ်နဲ့ အောက် တိန်းမှာ ဈေးနည်းနည်းကျလာတယ်လို့ သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများက ဓာတ်ဆီတစ်ဂါလန် ၃၀၀၀ ကျပ်၊ဒီဇယ် တစ်ဂါလန် ၂၆၀၀ကျပ်၊ အောက်တိန်း ၂၆၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ  ဓာတ်ဆီတစ်ဂါလန် ၃၁၀၀ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၇၀၀ ကျပ်၊ အောက်တိန်းတစ်ဂါလန်၂၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။

 

သီတာဝင်း