တိုင်းပြည်ဖွံံဖြိုးတိုးတက်ဖို့ စာရင်းဇယားတွေ တိကျစို့

Tue, 10/27/2015 - 13:36 -- admin_ygn

           ရုံးမှာဝန်ထမ်းအင်အားတွေ  တိုးနေပါတယ်။ အခြေအနေအချိန်အခါ ဖွဲ့စည်းပုံအရ မိခင်ဌာနမှ ဝန်ထမ်းများအခြားဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ကြရသလို ယခုအခါ ပြန်လည်ဖွဲ့စည်းတဲ့ ဖွဲ့စည်းပုံအရ အခြား ဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကို မိခင်ဌာနမှာ ပြန်လည်လက်ခံလာကြတော့ ဝန်ထမ်းအင်အားများ တိုးပြီးလာပါတယ်။ နှစ်အတော်ကြာ မိခင်ဌာနနဲ့ကင်းကွာပြီး အခြားဌာနကတာဝန်တွေကိုထမ်းဆောင်ေ နခဲ့ ကြရတာဆိုတော့ မိခင်ဌာနရဲ့ မူဟောင်းပြောင်းလဲလာတဲ့ ဖွဲ့စည်းပုံ အရ မူသစ်ဆိုတာတွေကို ပြန်လည်ပြောင်းလာတဲ့ ဝန်ထမ်းတွေကို စာရင်းဇယားစတာတွေ ပြန်လည်သင်ပေးရပါတယ်။ လုပ်ငန်းတာဝန်လက်ဆင့်ကမ်းအေ မွပေးရတာပေါ့ဗျာ။ တစ်ရက်မှာ စားသုံးပိုလျှံစာရင်းတွေ တွက်ရင်း၊ သင်ရင်း၊ စာရင်းပြုစုကြပါတယ်။ စာရင်းဇယား အရေးကြီးပုံတွေပါပြီး ပခုက္ကူခရိုင် ငါးမြို့နယ်၊ ဂန့်ဂေါခရိုင် သုံးမြို့နယ်ရဲ့ လူဦးရေစာရင်း၊ သန်းခေါင်စာရင်းကော က် ယူရစဉ်က မြန်မာတစ်နိုင်ငံလုံး သန်း ၆၀ နဲ့ ခန့်မှန်းခဲ့ကြရတာမို့ အမှန်တစ်ကယ် ကောက်ယူပြီးချိန်မှာ လူဦးရေ ဟာ ၅၁ သန်းကျော်ပဲရှိခဲ့လို့ ကွာခြားသလို မြို့နယ်တွေမှာလည်း ကွာခြားကုန်တာ တွေ့နေရပါပြီ။ တစ်ခါအထွက် ကိုတွက်ပြီး စားသုံး ပိုလျှံ တွက်ရတာဆိုတော့ စိုက်ဧကကို အထွက်နှုန်းနဲ့  မြှောက်ရပြန်ပါပြီ၊ ဒီမှာလည်း စိုက်အောင်ထွက်နှုန်းဆိုတာပဲရှိတယ်။  စိုက်၊ ပျက်၊ မထွက် ဆိုတဲ့ နှုန်းမရှိတာ ဘာကြောင့်လဲ။
      ဖတ်ဖူးတဲ့ကဗျာတစ်ပုဒ် တင်ပြခွင့်ပြုပါစာရှုသူ။ "လုပ်တိုင်းကိစ္စအောင်မြင်မှတော့ စိတ်ပျက်ဘယ်မှာရှိတော့မှာလည်း" ဆိုတာကိုပါ။ ကိုယ့်အညာဒေသ၊ စိုက်မိုးသာရ၊ အောင်မိုးမရလို့၊ ရှိတဲ့၊ စိုက်ထားတဲ့ စိုက်ခင်းတွေ ဓားကွင်း တိုက် ဖျက်ရတာတွေကို အောင်ထွက်ပြလို့ရမှာလားဆိုတာတွေ၊ စပါးနဲ့ပတ်သက်လို့ တစ်ဧက နှစ်တင်းကုန်နေတုန်းပဲလား၊ သိသာထင်ရှားတာပြောရရင် ယခု ပုလဲသွယ်စပ်မျိုးစပါး၊ တစ်ဧက တင်းလောက်မကုန်ဘဲ၊ ပြည်လောက် ကုန် နေတာတွေ သိနေ၊ဖတ်နေရတယ်။ မျိုးအတွက် တစ်ဧကကို တစ်တင်းသက်သာရင် မြန်မာပြည်ဟာ ဆန်စပါးကို  အဓိကထားစိုက်ပျိုးတဲ့ နိုင်ငံ၊ ဧကပေါင်း သန်းနဲ့ချီရင်း တင်းပေါင်းသန်းနဲ့ချီရှိရင် တင်းပေါင်း သန်းနဲ့ချီပိုလာ မှာြ ဖစ်ပါတယ်။  စာရင်းဇယားတွေ  တိကျဖို့လိုနေ တယ်ဆိုတာ၊ မှန်ကန်ဖို့လိုနေတယ်ဆိုတာ ခေတ်စနစ်က တောင်းဆိုလာတာပါ။ မိခင်ဌာနက ဆန်စပါး၊ ပဲမျိုးစုံ ကိုင်တွယ်ရောင်းဝယ်တင်ပို့စဉ်က မိမိတို့ဌာနဝန်ကြီးကို အိန္ဒိယနိုင်ငံက ဝန်ကြီးက (G to G) ပဲစင်းငုံ တန်ချိန် သန်းဂဏန်း အရောင်းအဝယ် လုပ်လိုတယ်လို့  တောင်း ဆိုခဲ့ဖူးပါတယ်။ ဖြစ်ပေါ်နေတဲ့ ကိန်းဂဏန်းအရတော့ တောင်းဆိုတဲ့ ကိန်းဂဏန်း ရောင်းပြီးရင်ကို များစွာပိုနေပါတယ်။ တကယ် မေ ရာင်းရဲဘူး အရောင်းအဝယ်မဖြစ်ခဲ့ပါဘူး၊ ဒါဟာ ဘာကြောင့်လဲ။ ဖြစ်ပေါ်နေတဲ့ ကိန်းဂဏန်း မတိကျ၊ မခိုင်မာ၊ မမှန်ကန်လို့ပါလို့ ပြောရဆိုရ ဝန်ခံရမှာဖြစ်ပါတယ်။ ကောင်းပြီ။ ပြောင်းလဲလာတဲ့ ခေတ်စနစ် မြင်သာပွင့်လင်းလာ တဲ့ ခေတ်စနစ်မှာ ဒီလိုအမှားမျိုးတွေ ဆက်ရှိနေဦးမယ်၊ ဆက်ဖြစ်နေဦးမယ်ဆိုရင် တိုင်းပြည်ရဲ့ တိုးတက်မှု၊ ခေတ်မီမှု၊ အဆင်ပြေမှု၊ အောင်မြင်မှု ဆိုတာတွေဟာ အမှန်တကယ်ရရှိနိုင်ပါ့မလားဆိုတာ စဉ်းစားကြရပါတော့မယ်။ စာ ရင်းဇယားအထောက်အထား  တိကျ မှန်ကန်မှသာလျှင် ဆောင်ရွက်ရမည့် လုပ်ဆောင်ရမည့် လုပ်ငန်း တွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်နိုင်မယ် မဟုတ်ပါလား၊ စာရင်းဇယား အရေးကြီးပုံကို ၁၉၉၄ ခုနှစ် ကုလသမဂ္ဂတရားဝင် စာရင်း အင်းဆိုင် ရာအခြေခံမူများကို တင်ပြခဲ့ဖူးပါတယ်။
      (1994 United Nations Fundamental Priciple of Offical Statistics ) တို့ကတော့
(၁)    တရားဝင်စာရင်းအင်းများသည် ကောင်းမွန်သော အုပ်ချုပ်မှု  (Good governance) ၏  အခြေခံအုတ်မြစ်များအနက် တစ်ခုဖြစ်သည်။
(၂)    တရားဝင်စာရင်းအင်းများသည် အစိုးရနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းအတွက် လည်းကောင်း၊ ဆွေးနွေးပွဲများအတွက်လည်းကောင်း အထောက်အကူ ဖြစ်စေသည်။
(၃)    ကောင်းမွန်သော တရားဝင်စာရင်းအင်းများသည် အစိုးရ၏ ဆုံးဖြတ်ချက်ချမှတ်မှုအပေါ်  ပြည်သူများ ယုံကြည်မှုရရှိ စေရေးအတွက် အရေးပါပြီး စီးပွားရေး လူမှုရေးနှင့်  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအတွက် အစိုးရ၏ ဆုံးဖြတ်ချမှတ်ခြင်းကို ဆိုလိုပါသည်။
(၄)    စာရင်းအင်းများသည် ဆီလျော်မှုရှိရပါမည်။  စာရင်းအင်း အရည်အသွေးရှိခြင်း နားလည်လွယ်ခြင်း၊ သုံးစွဲရန်လွယ်ကူခြင်းတို့နှင့် ပြည့်စုံနေရပါမည်။ သုံးစွဲ မည့်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရပါ မည်။
(၅)    ကိန်းဂဏန်းအချက်အလက်များ ကောက်ယူစုဆောင်း ပြီး ထုတ်ပြန်ရာတွင် နိုင်ငံရေးစွက်ဖက်မှုများ ကင်းဝေးသင့်သည်။
(၆)     စာရင်းအင်းများ ဖြန့်ဖြူးထုတ်ပြန်ရာတွင် ပြည်သူအားလုံး လက်လှမ်းမီရေးအတွက် တန်းတူအခွင့်အရေး (Equal Opportunity) ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
ဖော်ပြပါ ကုလသမဂ္ဂစာရင်းအင်းများနဲ့  ပတ်သက်တဲ့အချက် ခြောက်ချက်ကို ကြည့်ရင် ဘယ်လောက်အရေးပါနေသလဲဆိုတာ တွေ့နေရပါတယ်။  အပိုဒ်(၃)မှာဆိုရင် အစိုးရရဲ့ ဆုံးဖြတ်ချက်ချမှတ်မှုအပေါ် ပြည်သူများ ယုံကြည်မှု ရှိစေရေး အရေးပါတယ်လို့ တစ်ချက်ပြောပါတယ်။ဆုံးဖြတ်ချက်ဆိုတာမှာ ရောင်းမှာလား၊ ဝယ်မှာလား၊ တင်ပို့မှာလား၊ တင်သွင်းမှာလား ဆိုတာတွေကိုတွက်ရင် အခုအစပိုင်းမှာ  တင်ပြခဲ့သလို ပဲစင်းငုံ (G to G) ရောင်းမယ့် ကိစ္စ အလုပ်မဖြစ်ခဲ့တာ၊ နောက်တစ်ချက်က ဆက်ညှိရမှာက  စီးပွားရေး၊ လူမှုရေး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေမှာ သက်ဆိုင်နေတာကို တွေ့ရသလို အချက် (၅)မှာ ကိန်းဂဏန်း အချက်အလက်များ ကောက်ယူစုဆောင်းထု တ်ပြန်ရာတွင် နိုင်ငံရေးစွက်ဖက်မှု ကင်းဝေးသင့်သည်ဆိုရာမှာ တချို့နေရာဒေသ (အတော်များများပါပါတယ်) GDP ကိန်းဂဏန်းအရ စာရင်းဇယားကိန်းဂဏန်းမကျနိုင် ရေး အတင်းအောင် အတင်းထွက်လုပ်နေတာဟာ တကယ့် အဖြစ်အပျက်နဲ့တော့ ကွာနေတာကို တွေ့နေရပါတယ်။
         တစ်ခါ (OECD) စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့၏ ကောင်းမွန်သော စာရင်းအင်းများ ဖြစ်ပေါ် စေရေးအတွက် ဆောင်ရွက်သော အစီအမံ ခုနစ်မျိုးကိုကြည့်ရင်
(၁)    ဆီလျော်မှုရှိခြင်း
(၂)    တိကျခြင်း
(၃)    အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ခြင်း
(၄)    လက်လှမ်းမှီခြင်း
(၅)    နားလည်လွယ်ခြင်း
(၆)    ရှေ့နောက်ညီညွတ်ခြင်း
(၇)    ယုံကြည်မှုရှိခြင်း ဆိုတာတွေကို သွားတွေ့ရပါတယ်။
      နိုင်ငံတစ်နိုင်ငံကို မဆိုထားပါနဲ့၊ မိသားစုတစ်ခုမှာကိုပင် ဝင်ငွေထွက်ငွေညီမျှဖို့ဆိုတာအရေးကြီးပါတယ်။ မိသားစုဝင် ဘယ်လောက်ရှိသလဲ၊ မိသားစုထဲမှာကို ဝင်ငွေရှိသူ ဘယ်လောက်လဲ၊ သက်ကြီးရွယ်အို ဘယ်လောက် ရှိ သလဲ၊ ကျောင်းသားကျောင်းသူ အတန်းအလိုက် ဘယ်နှယောက်လဲ၊ ခြုံငုံသုံးသပ်ပြီး ဝင်ငွေရှာသူအတွက် ထိုက်သင့်တဲ့လိုက်လျောညီထွေဖြစ်စေတဲ့ စားမှု၊ သောက်မှု၊ ဝတ်မှု၊  ခရီးစရိတ်၊ အသုံးစရိတ်၊ သက်ကြီးရွယ်အိုများအတွ က် ဆေးဝါး၊ ဓာတ်စာ၊ ဆေးကုသမှုစရိတ်၊ ကျောင်းသား၊ ကျောင်းသူအတွက် အတန်းလိုက်ကုန်ကျ မည့်ကျောင်းစရိတ်၊ တစ်ခါမမြင်ရတဲ့ လူမှုရေးစရိတ်၊ သာရေး၊ နာရေး ဆိုတာ တွေကို စီမံခန့်ခွဲသုံးသပ်ဆုံးဖြတ် နေရတာတောင် အခက်အခဲဖြစ်နေတာဟာ မိသားစုဝင် လူတိုင်း တွေ့ကြုံနေကြရတာပါ။  ကောင်းပြီ ဒီကမှတစ်ဆင့် နိုင်ငံတော်အတွက် စဉ်းစားကြရင်-- နိုင်ငံတစ်နိုင်ငံလုံးရဲ့ တိကျခိုင်မာသော၊ ဆီလျော်သော၊ ကောင်းမွန်သော စာရင်းအင်းများ   အရေး ဘယ်လောက်ကြီးမား ကျယ်ပြန့်ခက်ခဲနက်နဲမယ်ဆိုတာ စဉ်းစားကြရပါလိမ့်မယ်၊ အနေအထား တစ်ခုမှာ တိုင်းပြည်တစ်ပြည်ရဲ့ နိုင်ငံရေးသော်လည်းကောင်း၊ စီးပွားရေးသော်လည်းကောင်း၊ ယှဉ်ပြိုင်ရေးအတွက် လည်းေ ကာင်း၊ ဘယ်အရာအတွက်မဆို  ဖွံဖြိုးဖို့၊ တိုးတက်ဖို့၊  ခေတ်မီဖို့၊ နိုင်ငံ အချင်းချင်း ကမ္ဘာ့အလယ်တင့်တယ်ဖို့၊  ထည်ဝါဖို့၊ ဝင့်ထည်ဖို့၊ ယှဉ်ပြိုင်နိုင်ဖို့ ဆိုတာတွေဟာ  ခိုင်မာတိကျသော ကိန်းဂဏန်းများ အရေးပါမှုဟာ ထိပ်ဆုံးက ရှိနေတယ်ဆိုတာ သိနေရင်ပဲ  အမိမြန်မာ နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုသည် ခိုင်မာတိကျသော စာရင်းဇယားများက ပြောကြားနေတယ်လို့သိရင် ကျွန်တော်တို့တစ်တွေ ဘာတွေဆက်လုပ်ကြရမှာပါလဲ။

 

မြင့်ဦး- ပခုက္ကူ

Local Trade News

Pages