ကမ္ဘာ့ရွှေဈေးများ ဆက်တိုက်ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးများ ဆက်လက်ကျဆင်း

Thu, 12/14/2017 - 08:50 -- admin_ygn

         ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင်လည်းဆက်လက်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးများ ဆက်တိုက်ကျဆင်းလာမှုကြောင့် ပြည်တွင်းရွှေဈေးများ ဆက်လ က်ကျဆင်းရခြင်းဖြစ် ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ခဲ့သည်။ ပြည်တွင်းရွှေဈေးများ ဆက်တိုက်ကျဆင်းလာမှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးလာကြောင်း၊ အတက်ဈေးဖြင့် ဝယ်ယူထားသူများ အနေ ဖြင့် ဈေးကျဆင်းလာမှုကြောင့် အရှုံးခံကာ ပြန်လည်ရောင်းချသူများရှိသကဲ့သို့  ဈေးပြန်တက်ချိန်ကို စောင့်ဆိုင်းနေသူများလည်းရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ " ဈေးကွက်ထဲမှာ ပြည်တွင်းရွှေဈေးက ကျလာ တယ်။ ကမ္ဘာ့ရွှေဈေး ကျဆင်းလာလို့ ပြည်တွင်းရွှေဈေးလည်း ကျဆင်းလာရတာပါ။ ပြည်တွင်းဈေးတွေကျဆင်းလာတဲ့အတွက် ဈေးပြန်တက်မယ်ထင်ပြီး အမြင့်ဈေးနဲ့ဝယ်ထားသူူတွေ အခက် တွေ့နေကြတယ်။ ပြန်ထုတ်ရောင်း တဲ့သူတွေ ရှိသလို မရောင်းဘဲ ဈေးအတက်ကို စောင့်နေကြတဲ့သူတွေလည်းရှိပါတယ်။ ဈေးပြန်တက်မတက်ဆိုတာကတော့ ကမ္ဘာ့ ဈေးကိုပဲ စောင့်ကြည့်ရမှာပဲ။ အမေရိကန်ရဲ့ကမ္ဘာ့ဈေးကွက်ကို ကြိုးကိုင်ခြယ်လှယ်မှုတွေကြော င့် ဒီရွှေဈေးအတက်အကျတွေ ဖြစ်နေတာပါ"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။
         ပြည်တွင်းရွှေဈေးကွက်တွင် ဒီဇင်ဘာ ၄ ရက်က အခေါက်ရွှေတစ်ကျပ်သား လျှင် ကျပ် ၉၃၀၀၀၀ရှိခဲ့ပြီး ဒီဇင်ဘာ ၆ ရက်တွင် ကျပ် ၉၂၆၀၀၀ ရှိခဲ့သည်။ ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၉၂၀၀၀၀ သို့ ဆက်လက်ကျဆင်း ခဲ့သည်။ ဒီဇင်ဘာ  ၉ ရက်တွင် ကျပ် ၉၁၄၅၀၀ သို့ ဆက်လက်ကျဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးကွက်တွင် ဒီဇင်ဘာ ၄ ရက်က တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၂၇၅ ရှိခဲ့ပြီး ဒီဇင်ဘာ ၆ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၆၅ ရှိခဲ့ သည်။ ဒီဇင်ဘာ ၈ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၄၉သို့ ဆက်လက်ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် အမေရိကန်ဒေါ်လာ ၁၂၄၈  သို့ ထပ်မံကျဆင်းခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages