ကမ္ဘာ့မူပိုင်ခွင့်နေ့ကို မူပိုင်ခွင့် ဥပဒေများဖြင့် ကြိုဆို

Thu, 05/16/2019 - 08:05 -- admin_ygn

           ၂၀၁၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာ့မူပိုင် ခွင့်နေ့" အထိမ်းအမှတ် အခမ်းအနားကို ပညာရေးဝန်ကြီးဌာနက ကြီးမှူး၍ နေပြည်တော်ရှိ Park  Royal  Hotel တွင် ကျင်းပသည်။ ပညာရေးဝန်ကြီး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအောက်ရှိ မူပိုင်ခွင့်ဌာနသည် ကမ္ဘာ့မူပိုင်ခွင့်နေ့ အခမ်းအနားကို ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၇)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ ယနေ့ကမ္ဘာ့မူပိုင်ခွင့် နေ့အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းေ ကာ်မတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးတို့က အဖွင့်အမှာ စကားများ ပြောကြားခဲ့ကြပြီး ယနေ့ကမ္ဘာ့မူပိုင်ခွင့်နေ့  ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြ သည့် USAID မှ ကိုယ်စားလှယ် Ms.Jannifer Peterson နှင့်  JICA မှ ကိုယ်စားလှယ် Ms. Hiromi TAKAOKA တို့ကလည်း ကမ္ဘာ့မူပိုင်ခွင့်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်နိုင်ခြင်းနှင့် ယခုနှစ်တွင် မြန် မာနိုင်ငံ၏ မူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်းနိုင်ခဲ့သည့်အတွက် များစွာဝမ်း မြောက်ဂုဏ်ယူကြောင်းစသည်ဖြင့် အဖွင့်အမှာစကားများ ပြောကြားခဲ့ကြ သည်။
      မြန်မာနိုင်ငံသည် ၂၀၀၁ ခုနှစ်မေလတွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီး (World Intellectual Property Organization) ၏ ၁၇၆ ကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်  အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နောက်ပိုင်းတွင် လက်ရှိပြဋ္ဌာန်းထားရှိသော မူပိုင်ခွင့်ဥပဒေများနှင့် ကျင့်သုံးဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခဲ့သည်။ ၂၀၀၂ ခုနှစ် တွင် မူပိုင်ခွင့်ဥပဒေများကို ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီးနှင့် ပင်တိုင်ဆက် သွယ်ဆောင်ရွက်သည့်   သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ပြည် ထောင်စုရှေ့နေချုပ်ရုံးတို့ကပူးပေါင်း၍ ရေးဆွဲခဲ့ကြသည်။  မူပိုင်ခွင့် ဥပဒေ(မူကြမ်း)များဖြစ်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေများကို ကုန်သွယ်မှုနှင့်စပ်လျဉ်းသည့် မူပိုင်ခွင့် အခွင့် အရေးများဆိုင်ရာ သဘောတူညီချက် (Trade Related Aspects of Intellectual Property Rights-TRIPS) တွင် ဖော်ပြထားသည့် စံနှုန်း များကို အခြေခံပြီး  မြန်မာနိုင်ငံ၏  ပြဋ္ဌာန်းထားသော မူဝါဒများ၊ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိစေရန် ရည်ရွယ်၍ ရေးဆွဲခဲ့ ပါ သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်များအထိ အဆိုပါ ဥပဒေ(မူကြမ်း)များအပေါ် တွင်   အကြံပြုချက်များရရှိနိုင်ရန်အတွက် နိုင်ငံတော် ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ ပညာရှင်များ၊ ဥပဒေရေးဆွဲသူများပါဝင်သော အဖွဲ့သည် အစည်းအဝေး အကြိမ်ပေါင်း ၅၀ နီးပါး ပြုလုပ်ကျင်းပခဲ့ပြီး ဥပဒေ မူကြမ်းများကို ပြင်ဆင်ရေးဆွဲခဲ့သည်။ ထိုသို့ ပြင်ဆင်ရေးဆွဲရာတွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ကြီးမှ ဥပဒေပညာရှင်များ ထံမှ အကြံပြုချက်များကို လည်း ရယူခဲ့သည်။
           ၂၀၀၆ ခုနှစ်တွင် ဥပဒေ(မူကြမ်း)များသည် နဝမကြိမ် ပြင်ဆင် ပြီးသည့် အဆင့်ကိုရောက်ရှိခဲ့သော်လည်း ပြဋ္ဌာန်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။  ထိုသို့  ပြဋ္ဌာန်းနိုင်ခဲ့ခြင်းမရှိခဲ့သည့် အဓိက အကြောင်း အရင်းမှာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization -WTO) ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအား TRIPS ကို လိုက်နာဆောင်ရွက်ရမည့်ကာလကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်အထိ တိုးမြှင့်သတ်မှတ် လိုက်ခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ပါ၍ မူပိုင်ခွင့်ဌာန သည် မူပိုင်ခွင့် ဥပဒေ(မူကြမ်း)များကို ၂၀၁၂ ခုနှစ် နောက်ပိုင်းကာလတွင်မှ ကမ္ဘာ့ မူပိုင်ခွင့်အဖွဲ့ကြီးမှ ဥပဒေပညာရှင်များ၏  အကူအညီဖြင့် ပြန်လည် စိစစ်ဆောင်ရွက်ခဲ့ရသည်။ တိုးတက်ပြောင်းလဲလျက်ရှိသော ခေတ် စနစ်နှင့်လျော်ညီသည့် မူပိုင်ခွင့်ဥပဒေများ ရရှိနိုင်ရေးအတွက် ပြန် လည်ပြင်ဆင် ရေးသားခဲ့သည်။  ပြည်တွင်းပြည်ပမှ မူပိုင်ခွင့်ကျွမ်း ကျင်သူပညာရှင်များ၊ မူပိုင်ခွင့်နှင့်ဆက်နွယ်ေ သာ အဖွဲ့အစည်းများမှ ပညာရှင်များနှင့် ပြည်သူများထံမှဝေဖန်အကြံပြုချက်များကို လက်ခံ ၍လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။၂၀၁၅ ခုနှစ်ဇွန်လ ၂၄ ရက်တွင် မူပိုင်ခွင့်ဥပဒေ များကို ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ အတည်ပြုချက်ရယူ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် လွှတ်တော်သို့တင်သွင်းနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ မှစ၍  ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်းမူ ပိုင်ခွင့် ဥပဒေများကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့်ဆွေးနွေး နိုင်ခဲ့ပါသည်။ သို့ရာတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှစ၍ နိုင်ငံတော် အတွင်း ရွေးကောက်ပွဲများ ကျင်းပရမည့်အချိန်နှင့် တိုက်ဆိုင်နေသော ကြောင့်၂၀၁၆ ခုနှစ်အတွင်း မူပိုင်ခွင့်ဥပဒေ  လေးရပ်လုံးကို ပြီးစီး အောင် ဆောင်ရွက်ရန် အချိန်မလုံလောက်ခဲ့သဖြင့်  ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
            သို့ဖြစ်ပါ၍ ၂၀၁၆ ခုနှစ် လက်ရှိအစိုးရလက်ထက်တွင် မူပိုင် ခွင့်ဥပဒေ(မူကြမ်း)များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော် သို့ တင်သွင်းနိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြန် လည်ဆောင်ရွက်ခဲ့ရ သည်။ ထို့နောက် ၂၀၁၇ခုနှစ် ဇူလိုင်လ ၂၁ ရက် တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေ တို့ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်သြ ဂုတ်လ ၁၀ ရက်နေ့တွင် ပြည် ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကို လည်းကောင်း လွှတ်တော်သို့တင်သွင်းနိုင်ခဲ့သည်။ မူပိုင်ခွင့် ဥပဒေများကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဖေဖော် ဝါရီလ ၁၅ ရက်အထိ  အမျိုးသားလွှတ်တော်တွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ လ ၂၈ ရက်ထိ ပြည်သူ့လွှတ်တော်တွင်လည်းကောင်း ဆွေးနွေး အတည်ပြုနိုင်ခဲ့သည်။ ၎င်းင်းအပြင် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် တီထွင်မှု မူပိုင်ခွင့် ဥပဒေ ကိုအတည်ပြုဆွေးနွေးနိုင်ခဲ့သည်။ စာပေနှင့် အနုပညာမူပိုင်ခွင့်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၊ ၇ ရက်နှင့် ဧပြီ ၁၈ ရက်တို့တွင် အတည်ပြုနိုင်ရေးအတွက် သုံးကြိမ်တိုင် တိုင် ဆွေးနွေးနိုင်ခဲ့ပါသည်။
        ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂/၂၀၁၉ ဖြင့် လည်းကောင်း၊ ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့်ဥပဒေကို ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၃/၂၀၁၉ ဖြင့် လည်းကောင်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၇/၂၀၁၉ ဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်တွင်လည်းကောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ  ဦးဝင်းမြင့် က  လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ခဲ့သည်။ စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေ ကိုလည်း မကြာမီအတည်ပြုနိုင်မည် ဖြစ်ပါသည်။ မူပိုင်ခွင့် ဥပဒေများ ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် မူပိုင်ခွင့် အေဂျင်စီအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  အောက်တွင် ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၎င်းအပြင် မူပိုင်ခွင့်ဗဟို ကော်မတီကိုလည်း ဒုတိယသမ္မတ ဦးဆောင်ပါဝင်မည့်အဖွဲ့က ဆောင် ရွက်သွားမည်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ နှစ် ဧပြီလတွင်  ကျရောက်သည့် 'ကမ္ဘာ့မူပိုင်ခွင့်နေ့' ကို  မူပိုင်ခွင့် ဥပဒေများပြဋ္ဌာန်း၍ ကြိုဆိုခဲ့ပါသည်။

 

ဒေါက်တာမိုးမိုးသွယ်

Local Trade News

Pages