ပြောင်းတင်ပို့မှု ပိုမိုလာ

Tue, 06/21/2016 - 09:15 -- admin_ygn

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေ ဟော်နဲ့ ကန်ပိုက်တီး စခန်းစုံမှ ကန်ဒေါ်လာ ၃ ဒသမ ၀၇၀ သန်းတန်ဖိုးရှိ  ပြောင်းတန်ချိန် ၁၁၉၆၈ တန်ခွဲကို ဇွန် ၄ ရက်  မှ ၁၀ ရက်တာကာလအတွင်း တင်ပို့နိုင်ခဲ့ပါ တယ်။ စခန်း အလိုက်တင်ပို့ခဲ့တာကတော့ မူဆယ်မှ တန်ချိန် ၉၅၅၀၀၊ လွယ်ဂျယ်မှ ၂၂၀၂ တန်ခွဲ၊ ချင်းရွှေဟော်မှ ၁၀၆ တန်နဲ့ ကန်ပိုက်တီးမှ ၅၅ တန် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ထိုစခန်းလေးခုကနေ ပြောင်းတန်ချိန် ၉၅၇၆ တန်ခွဲသာ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်ပြောင်းတင်ပို့မှုမှာ ၂၃၃၇ တန်ပိုမိုလာတာတွေ့ရပါတယ်။ သယ်ယူစရိတ်မှာ ယခု တစ်ပတ်အတွင်းပြောင်းတစ်ပိဿာကို ၆၆-၇၀ ကျပ်ရှိပြီး ပြောင်းကားဝင်ရောက် မှု ၃၄၂ စီးရှိတယ်လို့ သိရ ပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ဇွန် ၃ ရက်ကပြောင်း တစ်တန်ကို မိမိဘက်ပေါက်ဈေး ၂၉၆၄၉၉ ကျပ်ရှိရာမှ  ဇွန် ၁၀ ရက်တွင် ၂၉၉၅၅၂ ကျပ်သို့ဈေးမြင့်တက်လာခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

( မော်မော်အောင်)

Border Trade News

Pages