ဒီတစ်ပတ်မြေသြဇာအဝင်လျော့

Wed, 08/16/2017 - 06:54 -- admin_ygn

      ဇူလိုင် ၂၃ ရက်မှ ၂၉ ရက်အထိ သီတင်းပတ်အတွင်း  အမေရိကန်ဒေါ်လာ ၃၆၀၇၄၂၀ တန်ဖိုးရှိ မြေသြဇာ ၁၅၁၄၂ ဒသမ ၅၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၅၂၂ ဒသမ၅၀ တန်၊ တရုတ်နိုင်ငံမှ ၈၆၃၂ တန်၊ အီရန်နိုင်ငံမှ ၂၀၅၀ တန်၊ ကိုရီးယားနိုင်ငံမှ တန်ချိန် ၁၀၀၊ မလေးရှားနိုင်ငံမှ တန်ချိန် ၁၁၀၊ ပါကစ္စတန်နိုင်ငံမှ ၁၁၇၇ ဒသမ ၅၀ တန်၊ ပိုလန်နိုင်ငံမှ ၁ ဒသမ ၈၀ တန်၊ စပိန်နိုင်ငံမှ ၄ တန်၊ ဆွီဒင်နိုင်ငံမှ ၂ ဒသမ ၇၀ တန်၊ ထိုင်းနိုင်ငံမှ ၂၃၃၂ တန်နဲ့ဗီယက်နမ်နိုင်ငံမှ တန်ချိန်၂၁၀ တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့အမျိုးအစားများမှာ ပိုတက်၊ အမိုးနီးယမ်း ဆာလဖိတ်၊ ယူရီးယား၊ တီစူပါ၄၆%၊ ကွန်ေ ပါင်း၊ ဓာတ်ဆားနဲ့ သြဂဲနစ်တို့ ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က တင်သွင်းခဲ့တဲ့ မြေသြဇာတန်ချိန် ၃၀၅၈၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ် ပတ်မှာတန်ချိန်၁၅၄၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ 

 

သီတာဝင်း (DOT)

Border Trade News

Pages