ချင်းအဝင်နည်းသော်လည်း အရောင်းအဝယ်ဖြစ်

Tue, 08/15/2017 - 04:16 -- admin_ygn

       အောင်ပန်းဈေးကွက်မှာတော့ ချင်းအဝင်ရှိနေပါသေးတယ်။ အရင်လတွေ လောက်အဝင် မများတော့ပေမယ့် ငါးရက်တစ်ဈေးကိုတော့ ပိဿာချိန်တစ်သောင်းခန့် အဝင်ရှိနေပါတယ်။ ဝယ်လက်ကတော့ ပါးနေပါတယ်။ အဓိက ဝယ်ယူနေတာ ကတော့ ရန်ကုန်ဝယ်လက်ရယ်၊ ပြည်တွင်းလက်လီသမားတွေသာ  အဝယ်ရှိနေတယ် လို့လည်း သိရပါတယ်။ ရန်ကုန်ဝယ်လက်တွေက ပင်လယ်ရေကြောင်းက တင်ပို့ဖို့ အတွက်နဲ့လှောင်ထားဖို့အတွက် ဝယ်ယူ ထားကြတာလို့ဆိုပါတယ်။ ပြည်တွင်းလက်လီသမားတွေဖြစ်တဲ့ မိတ္ထီလာ၊တောင်သာ၊မကွေး စတဲ့မြို့တွေကတော့ ထိုးချင်းပြုလုပ်ဖို့ အတွက်ဝယ်ယူပြီး၊ တစ်ပတ်ကို ပိဿာချိန် ရာဂဏန်းခန့်သာ ဝယ်ယူတယ်လို့လည်း သိရပါတ ယ်။ အရင်ကတော့ တပ်ကုန်းဝယ်လက်တွေက ချင်းအချပ်ပြားတွေ လုပ်ဖို့ဝယ်ယူခဲ့ပေမယ့် ဒီတစ်လနှစ်လမှာ အဝယ်နားသွားပါတယ်။ ချင်း(ဥမ)တွေ က ဈေးကွက်မှာ တော်တော်များများ ကျန်ရှိနေပြီး ယခုတစ်ပတ်မှာတော့ ကေ လာမြို့နယ်က ချင်းတက်(သစ်)တွေကလည်း ဈေးကွက်မှာ အနည်းငယ်ဝင်စပြုနေပါပြီ။ ချင်းတက်သစ်ကိုတော့ မုံရွာဝယ်လက်တွေက လုပ်သားခ အပါအဝင် ကားပေါ်တင် အပြီး၊ တစ်ပိဿာကိုကျပ် ၃၀၀ နဲ့ အရောင်း အဝယ်ြ ဖစ်တယ်လို့လည်း သိရပါတယ်။
        ချင်းခြောက်ကတော့တောင်သူတွေ လာရောက်ရောင်းချတာကိုပဲ ပွဲရုံတွေက ဝယ်ယူထားတဲ့ ဈေးကွက်သာရှိပြီး၊ အခြားဝယ်လက်ကတော့ မရှိဘူးလို့ဆိုပါတယ်။တောင်သူတွေကလည်း တစ်ခါလာရောင်းရင်ပိဿာချိန် ၁၀၀ -၁၅၀ ခန့်သာရှိပြီး၊ ပွဲရုံတွေကလည်း ဈေးကွက်မပျက်သွားဖို့အတွက်သာ ဝယ်ယူနေရတယ်လို့လည်း သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာချင်းတစ်ပိဿာ ပေါက်ဈေးတွေက ချင်း(ဥမ)က ၃၃၀ ကျပ်၊ ချင်းတက် ကကျပ် ၃၀၀ နဲ့ ချင်းခြောက်ကကျပ်၁၁၀၀ ဈေးရှိ တယ်လို့ ချင်းပွဲရုံတွေထံမှ သိရှိရပါတယ်။

 

ဧဧခိုင်၊ တောင်ကြီး

Border Trade News

Pages