ကုန်သွယ်ရေးစခန်းများမှ ကြက်သွန်နီရော ကြက်သွန်ဖြူပါ တင်ပို့မှုလျော့နည်း

Wed, 08/17/2016 - 07:26 -- admin_ygn

      သြဂုတ်လပထမပတ်တွင်  မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ် လာ ၁၄၄၁၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၅၅၀၊ မြန်မာ - ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှ အမေရိ ကန်ဒေါ်လာ ၁၈၇၁၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၅၂၂ တန် ကျော်နဲ့   တာချီလိတ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ  ၅၃၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀၀ တင်ပို့ခဲ့ပါတယ်။
       ယခင်သီတင်းပတ်က မူဆယ်မှ ၆၃၄တန်နီးပါး၊ မြဝတီမှ ၆၆၅ တန်ခွဲနဲ့ တာချီလိတ်မှ တန်၂၀၀ တင်ပို့ခဲ့လို့ ယခု တစ်ပတ် မူဆယ်ရော မြဝတီပါ ကြက်သွန်နီတင်ပို့မှု  လျော့နည်းသွားခဲ့တာ တွေ့ရပါတယ်။ တာချီလိတ် ကုန် သွယ်ရေးစခန်းကတော့ ကြက်သွန်ဖြူတင်ပို့မှု အပတ် စဉ်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကြက်သွန်ဖြူတင်ပို့မှု မရှိခဲ့ပါဘူး။ ဇူလိုင်နောက်ဆုံးပတ်က ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ တစ် ပိဿာ ကို ၆၀၀-၈၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိ သာ ၄၀၀၀-၄၅၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages