ဗီယက်နမ်နိုင်ငံက အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တင်သွင်းမှုအပေါ် စည်းကမ်းတင်းကျပ်

Thu, 05/09/2013 - 09:57 -- admin

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနဲ့  ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန (MARD) မှ စားသုံးသူများအတွက် စားသောက်ကုန် အန္တရာယ်ကင်းပြီး စိတ်ချမှုရှိစေရေးအတွက် ၎င်းရဲ့လှည့်လည်စာ ၁၃ အရ စည်းကမ်းများ တိတိကျကျလိုက်နာကြဖို့ ပြည်ပတင်ပို့ သူများကို တောင်းဆို ကြောင်း သိရပါတယ်။ ယင်းလှည့်လည်စာ ၁၃ အရတင်သွင်းတဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားအားလုံးကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခြင်းမပြုမီ ဂရုတစိုက် စစ်ဆေးရမှာဖြစ်ပါ တယ်။ နယ်စပ်ဖြတ်ကျော်စစ်ဆေးမှုများဟာ အထူးအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှစပြီး ဗီယက်နမ်နိုင်ငံဟာ သတ် မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများ ပြည့်ဝခြင်းမရှိတဲ့ နိုင်ငံများမှ တင်သွင်းတဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်များကို ယာယီရပ်ဆိုင်း သွားမယ်လို့ သိရပါတယ်။ ဗီယက်နမ်ဈေးကွက်ကို တင်သွင်းတဲ့ သစ်သီး အားလုံးဟာ မူရင်းများပါရှိရမှာဖြစ်ပြီး အနိမ့်ဆုံးအရည် အသွေး လိုအပ် ချက်များ  ပြည့်စုံရမှာဖြစ်ကြောင်း၊ MARD  ဒုတိယဝန်ကြီး Nguyen Thi Xuan မှ  ပြောကြားပါတယ်။ လတ်တလောမှာ ဗီယက်နမ် နိုင်ငံဟာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၅၉ နိုင်ငံမှ အသီး အနှံနဲ့ ဟင်းသီးဟင်းရွက်များ တင်သွင်းနေရ တယ်လို့ ၎င်းမှဆိုပါတယ်။ ဗီယက်နမ်ကို ဟင်းသီး ဟင်းရွက်နဲ့ အသီးအနှံတင်ပို့ဖို့ ခွင့်ပြု ချက်ရရှိထားတဲ့ နိုင်ငံဟာ အမေရိကန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ ထိုင်း၊ ကိုရီးယား၊ ချီလီ၊ ကမ္ဘောဒီးယား၊ တောင် အာဖရိကနဲ့ အိန္ဒိယတို့ဖြစ်ကြပါတယ်။ အခြားနှစ်နိုင်ငံဖြစ်တဲ့ လာအိုနဲ့ တရုတ်နိုင်ငံတို့ကတော့ ၂၀၁၂ ခုနှစ်ကုန်တိုင်အောင် အသီးအနှံနဲ့  ဟင်းသီး ဟင်းရွက်တွေကို ဆက်လက်တင်ပို့ဖို့ ယာယီအတည်ပြုချက် ရရှိထားကြောင်း VOUသတင်းအရ သိရပါတယ်

Ref :Posted on 20 December, 2012