Training on Current Implementations of WTO’s TFA Agreement in Myanmar သင်တန်းဖွင့်လှစ်ခဲ့သည့် သတင်း (အပြည့်အစုံ)

Tue, 06/11/2024 - 03:59 -- DotTrading

Training on Current Implementations of WTO’s TFA Agreement in Myanmar သင်တန်းဖွင့်လှစ်ခဲ့သည့် သတင်း (အပြည့်အစုံ)

 

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ အနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ Training on Current Implementations of WTO’s TFA Agreement in Myanmar သင်တန်းကို၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့ (ကြာသပတေးနေ့) နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဖွင့်လှစ်ခဲ့ပါသည်။

၃။    အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန WTOနှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွှယ် နေသောအဖွဲ့အစည်းများဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီညီအောင်မှ သင်ခန်းစာများ ပို့ချပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၉) ဦးတို့ တက်ရောက်ခဲ့ပါသည်။