"Competition in the Digital Markets" အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

Mon, 08/15/2022 - 13:52 -- competition

အာဆီယံ-ယူကေ ပူးပေါင်းမှုအစီအစဉ်အောက်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် "Competition in the Digital Markets" အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၁၄:၃၀) နာရီမှ (၁၆:၃၀) နာရီအထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒစ်ဂျစ်တယ်ဈေးကွက်များတွင် ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေ အာဏာသက်ဝင်မှုရှိရေးဆိုင်ရာ အကြောင်းအရာများအပေါ် ဆွေးနွေးဖလှယ်သွားရန်ဖြစ်ပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲကို အပိုင်း(၄)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ရာ ပထမပိုင်းတွင် "ယူကေနိုင်ငံ ယှဉ်ပြိုင်မှုနှင့် ဈေးကွက်များထိန်းကျောင်းရေးအာဏာပိုင်အောက်ရှိ ဒစ်ဂျစ်တယ်ဈေးကွက်များဆိုင်ရာဌာန၏ ဆောင်ရွက်ချက်များအား မိတ်ဆက်ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယပိုင်းတွင် "အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာအေဂျင်စီများ၏ ဒစ်ဂျစ်တယ်ဈေးကွက်များထိန်းကျောင်းရေးဌာန" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တတိယပိုင်းတွင် "ယူကေနိုင်ငံ၊ ယှဉ်ပြိုင်မှုနှင့် ဈေးကွက်များထိန်းကျောင်းရေးအာဏာပိုင်၏ အမှုတွဲလေ့လာမှု (Case Study) ဆွေးနွေးခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စတုတ္ထပိုင်းတွင် "အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy)" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ယူကေနိုင်ငံ ယှဉ်ပြိုင်မှုနှင့် ဈေးကွက်များထိန်းကျောင်းရေးအာဏာပိုင်မှ ကိုယ်စားလှယ်များက ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်စုစုပေါင်း (၅၇)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။