“အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းဆွေးနွေးပွဲ

Wed, 02/28/2024 - 03:39 -- competition

အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် ပဉ္စမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့်အစည်းအဝေး ညှိနှိုင်းဆွေးနွေးပွဲ (5th ACAFTA WGC) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

 

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အာဆီယံဥက္ကဋ္ဌဖြစ်သူ စင်ကာပူ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကော်မရှင် (CCCS) နှင့် နိုင်ငံတကာရေးရာ၊ ဆက်သွယ်ရေးနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး Ms. Yvette Yoong က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

 

အစည်းအဝေးတွင် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်၏ "ယှဉ်ပြိုင်မှုအခန်း"တွင် ထည့်သွင်းရန်အတွက် အာဆီယံကတင်သွင်းထားသည့် အဓိကအချက် များတွင် ကနေဒါနိုင်ငံက ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုလာမှုများအပေါ် အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။