“ဒစ်ဂျစ်တယ်ဈေးကွက်များ” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခြင်း

Tue, 11/22/2022 - 08:41 -- competition

           ဩစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (Australia Competition and Consumer Commission - ACCC) က ဆောင်ရွက်လျက်ရှိသည့် ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော်ရေးအစီအစဉ် (Competition Law Implementation Program-CLIP) အဆင့် ၅ အောက်တွင် ယှဉ်ပြိုင်မှုဥပဒေနှင့် ဒစ်ဂျစ်တယ်ဈေးကွက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြုလုပ်လျက်ရှိပါသည်။

           အဆိုပါ ဒစ်ဂျစ်တယ်ဈေးကွက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများအနက် “ဒစ်ဂျစ်တယ်စည်းမျဉ်း‌ဟောင်းများကို ဘာ့ကြောင့်လိုအပ်သလဲ၊ ဘယ်လိုမှန်ကန်စွာလုပ်ဆောင်ရမလဲ” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

           အလုပ်ရုံဆွေးနွေးပွဲတွင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဥရောပကောလိပ်မှ ဥပဒေနှင့် စီးပွားရေးပါမောက္ခ Mr. Philip Marsden က ဦးဆောင်ဆွေးနွေးခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့်  ဩစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။