(၃၀)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ခြင်း

Tue, 03/14/2023 - 07:22 -- competition

(၃၀) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး (The 30th ASEAN Experts Group on Competition-AEGC Meeting) နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်မှ ၁၇ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ ပါလဝမ်မြို့တွင် hybrid စနစ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိပါသည်။

 

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အမေရိကန်၊ ယူကေ၊ ကနေဒါနိုင်ငံတို့နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် GIZ ၊ OECD အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများ တက်ရောက်လျက်ရှိပါသည်။

 

(၃၀) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့်အတူ (၁၈)ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ ကော်မတီအစည်းအဝေး၊ (၉)ကြိမ်မြောက် စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးနှင့်အာဆီယံယှဉ်ပြိုင်မှု မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတို့ကို တစ်ဆက်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

 

အဆိုပါအစည်းအဝေးများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။