၂ဝ၁၃ ဇန်နဝါရီလမှာ မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှ ကျပ်သိန်းပေါင်း နှစ်ထောင် ရှစ်ရာ ကျော်ဖိုး တားဆီး ရမိ

Tue, 05/14/2013 - 05:11 -- admin

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 15:59 PM

မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်တွင် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ (၂) လကို စားသုံးသူ အကာ အကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေး အတွက် ပညာပေး ကာလ အဖြစ် Mobile Team (၁) နဲ့ ဆောင်ရွက် ခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လ ၃ ရက်နေ့က စပြီး အရေးယူမှု စတင် ဆောင်ရွက်နေ လျက်ရှိ ပါတယ်။

မူဆယ်- မန္တလေး ကုန်သွယ်မှု လမ်းကြောင်း ပေါ်မှာ Mobile Team အဖွဲ့ (၁) မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း တားဆီး ရမိ ပစ္စည်း များမှာ ခန့်မှန်း တန်ဖိုး (ကျပ်သိန်းပေါင်း နှစ်ထောင့် ရှစ်ရာ နှစ်ဆယ့် တစ်သိန်း လေးသောင်း သုံးထောင် နှစ်ရာ တစ်ဆယ့် ငါး) ၂၈၂၁၄၃၂၁၅ိ/- ရှိပြီး အကောက်ခွန် အမှုတွဲ ၅၇ စောင် ဖွင့်လှစ် နိုင်ခဲ့ တယ်လို့ လရ-၁ ထံမှ သတင်း ရရှိပါတယ်။

မူဆယ်- မန္တလေး လမ်းကြောင်း ပေါ်မှာ လရ-၁ အဖွဲ့က အများဆုံး တားဆီး ရမိတဲ့ ပစ္စည်းတွေ ကတော့ အလှကုန်၊ စားသောက်ကုန် (နို့မှုန့်၊ ချောကလက် ဝေဖာ၊ မုန့်မျိုးစုံ၊ နေကြာစေ့၊ ပီကေ၊ ငုံဆေးပြား) အေးခဲ ကြက်သား၊ အေးခဲ ဝက်အူချောင်း၊ အေးခဲ ကြက်ဖင်ဆီဘူး၊ အေးခဲ အမဲသား၊ လျှပ်စစ် လူသုံး အိမ်သုံး ပစ္စည်းများ (လျှပ်စစ် ရေနွေးအိုး၊ လျှပ်စစ် ထမင်းအိုး၊ မီးချောင်း၊ ဆိုလာချပ်) ရေဒီယို၊ Memory Stick ၊ MP-3 ၊ ဖုန်းမျိုးစုံ၊ ဖုန်းအားသွင်း ဆက်စပ် ပစ္စည်း၊ ဖုန်း ဆက်စပ် ပစ္စည်း၊ ဖုန်းအိတ်၊ စီးကရက်၊ အထည် ထုတ်များ၊ ကားအပို ပစ္စည်းများ၊ မူလီချောင်းများ ဖြစ်တယ်လို့ သိရ ပါတယ်။

ပညာပေး ကာလ အတွင်းမှာ ပို့ကုန် တန်ဖိုး ၂ဝ၃၈၂ဝဝ ကျပ် ၄၈၈၅၇ ဒသမ ၈၉ ဒေါ်လာနဲ့ သွင်းကုန် တန်ဖိုး ၂၅၈ဝ၈၂၂၄၁ ကျပ်၊ ၅၇၈၆၁၆ ယွမ်နဲ့ ၃၉၁၆၅၇ ဒေါ်လာဖိုးကို လိုင်စင်များ ပြန်လည် လုပ်ပေးခဲ့ရာ ပို့ကုန် လိုင်စင် (၁၁) စောင်၊ သွင်းကုန် လိုင်စင် (၂၆) စောင် တို့ဖြစ်ပါတယ်။

ပညာပေး ကာလ ကျော်လွန်ပြီး တားဆီး အရေးယူတဲ့ ကာလ မှာလည်း တရားမဝင် ကုန်စည် ပမာဏ များပြားစွာ တားဆီး နေရခြင်းဟာ ၂ဝ၁၅ မှာ ကျင့်သုံး တော့မယ့် ဗနဃ (အာဆီယံ စီးပွားရေး အသိုက်အဝန်း) နဲ့ အံဝင် ဂွင်ကျ ဖြစ်စေရေး အတွက် အနှောင့် အယှက်များ ဖြစ်စေလျက် ရှိပါတယ်။ နိုင်ငံတကာ အလယ်မှာ ဝင်ဆံ့ နိုင်စေဖို့ နိုင်ငံတော်နဲ့ ပြည်သူ အကျိုး အတွက် တရားဝင် ကုန်သွယ်မှု လမ်းကြောင်းမှန် ပေါ်မှ ကုန်သွယ်ကြ စေလိုကြောင်း အသိပေး တိုက်တွန်း လိုက်ရ ပါတယ်။

Source: လရ-၁ --- MTN