(၁၈)ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသကော်မတီ အစည်းအဝေး

Thu, 03/16/2023 - 04:53 -- competition

(၃၀)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးဖြစ်သော (၁၈)ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသကော်မတီ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဩစတြေးလျနှင့် နယူးဇီလန်မှ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ယှဉ်ပြိုင်မှုဥပဒေအကောင်အထည်ဖော်ရေးအစီအစဉ် (Competition Law Implementation Program-CLIP) (အဆင့် ၅) အောက်မှ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အဓိကထား ဆွေးနွေးခဲ့ကြပါသည်။