အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် သတ္တမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးများတက်ရောက်ခြင်း

Wed, 07/31/2024 - 07:42 -- competition

     အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် သတ္တမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးများ(7th ASEAN-Canada Free Trade Agreement Working Group on Competition – ACAFTA WGCand Caucus)ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။            

     အစည်းအဝေးများတွင် ဆဌမအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးတွင် ဆွေးနွေးခဲ့မှုများအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းတွင် ထည့်သွင်းမည့်အချက်အလက်များ၊ ယှဉ်ပြိုင်မှု အခန်း၏ စားသုံးသူကာကွယ်ရေးအပိုဒ်တွင် ထည့်သွင်းမည့် အချက်အလက်များနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

     အစည်းအဝေးသို့ ကနေဒါနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။