ဝန်ထမ်းများအားလုံး ကွန်ပျူတာ တတ်မြောက်ရေး အတွက် ၂၀၁၃ ခုနှစ်အတွင်း ပထမ ခြေလှမ်း

Tue, 05/14/2013 - 04:08 -- admin

ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 18:36 PM

ဝန်ထမ်းအားလုံး ကွန်ပျူတာ တတ်မြောက်ရေး အတွက် ၂၀၁၃ ခုနှစ် အတွင်း ပထမ ခြေလှမ်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ရှိ ဝန်ထမ်းများ အားလုံး ကွန်ပျူတာ တတ်မြောက်ရေး ၊ စွမ်းဆောင်ရည် မြင့်မားရေးနှင့် လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး စသည့် ရည်ရွယ်ချက် ကောင်းများအား အခြေခံ၍ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း (၂၁-၁-၂၀၁၃) ရက်နေ့ မှ (၁၅-၂-၂၀၁၃) ရက်နေ့ထိ (၄)ပတ်ကြာ ကွန်ပျူတာ အခြေခံ သင်တန်း (၁/၂၀၁၃) အား သင်တန်းသား/ သူ (၁၆)ဦး ဖြင့် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ရုံးအမှတ်(၅၂) နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ ကွန်ပျူတာ သင်တန်း ခန်းမ တွင် ဌာနရှိ ကွန်ပျူတာ ဘွဲ့ရ အရာထမ်း များမှ နည်းပြများ အဖြစ် တာဝန်ယူပြီး ဖွင့်လှစ် သင်ကြား ပို့ချလျက် ရှိပါသည်။

သင်တန်းတွင် ရုံးလုပ်ငန်းများ အတွက် အဓိက လိုအပ်သည့် Microsoft Office Application များဖြစ်သော Word, Excel, Power Point၊ ဌာန အတွင်း ဆောင်ရွက် ထားရှိသည့် E-Government စနစ်များ ၊ IP Star အကြောင်း သိကောင်း စရာများ ၊ Internet & email အသုံးပြု နည်းပညာများ စသဖြင့် လေ့ကျင့် သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

itadmin (စရအ)