ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Wed, 08/07/2024 - 08:14 -- competition

     ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းများ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်နိုင်ရေး ထိန်းကျောင်းရန် ရည်ရွယ်၍ ယှဉ်ပြိုင်မှုဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော လုပ်ထုံးလုပ်နည်းများရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဥပဒေဆိုင်ရာအကြံပြုအဖွဲ့ဝင်များနှင့် ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။