မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ကြားဖြတ်အစည်းအဝေးကျင်းပခြင်း

Thu, 04/29/2021 - 09:37 -- competition

 ၁။     မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ကြားဖြတ်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဒုတိယဥက္ကဋ္ဌက ဦးဆောင်ကျင်းပခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၃။      အစည်းအဝေးတွင် ကော်မရှင်က ဆောင်ရွက်လျက်ရှိသော ယှဉ်ပြိုင်မှုဆိုင်ရာအမှုကိစ္စများအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ပြင်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့် ကိစ္စရပ်များအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် လမ်းညွှန်ချက်များ ပြင်ဆင်ထုတ်ပြန်ရန် ဆောင်ရွက်ထားရှိမှုများအပေါ် ဆွေးနွေးခဲ့ကြပါသည်။