မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ၊ တဲဟုန်ပြည်နယ်ခွဲတို့အကြား နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

Sat, 10/14/2023 - 07:57 -- Dotbilateral

          မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ တဲဟုန်ပြည်နယ်ခွဲတို့အကြား နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ် ရေးကိစ္စရပ်များ ပိုမိုမြှင့်တင်နိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်သူရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး၊ Mr. Wei Gang တို့မှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့၊ နံနက် (၀၇:၃၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါအစည်းအဝေးအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေးပိုမိုမြှင့်တင်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကျင်းပပြုလုပ်မည့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား (၂၀) ကြိမ်မြောက် နယ်စပ်ကုန်သွယ် ရေးကုန်စည်ပြပွဲဆိုင်ရာကိစ္စရပ်များနှင့် (၁၆) ကြိမ်မြောက်မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုပူးပေါင်း ညှိနှိုင်းရေးကော်မတီအစည်းအဝေးဆိုင်ရာကိစ္စရပ်များဆွေးနွေးရန်  ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါ သည်။             

       အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ ဘာသာ ရပ်တာဝန်ခံများ တက်ရောက်ပြီး  တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့ အစိုးရအုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်၍ ကိုယ်စားလှယ် (၈) ဦးတို့ တက်ရောက်ခဲ့ကြပါ သည်။

       အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ကျင်းပပြုလုပ်မည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား (၂၀) ကြိမ်မြောက် နယ်စပ်ကုန်သွယ် ရေးကုန်စည်ပြပွဲနှင့် (၁၆) ကြိမ်မြောက် နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေကော်မတီ အစည်း အဝေး အောင်မြင်စွာကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဆိုင်ရာကိစ္စ ရပ်များ၊ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန်အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရေးကိစ္စနှင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား  နံနက် ( ၀၉ : ၃၀ ) နာရီ အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။  

သတင်းစဉ်