မူဆယ်-မန္တလေး လမ်းကြောင်းတွင် Mobile Team အဖြစ် အသွင်ယူ အယောင်ဆောင် ငွေတောင်းခံ နေသည့် အဖွဲ့အား ဖော်ထုတ်နိုင်ခဲ့

Tue, 05/14/2013 - 08:15 -- admin

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 02 း 12 PM

မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရား မဝင် ကုန်သွယ်မှု တားဆီး ထိန်းခုျပ်ရေး အဖွဲ့ Mobile Team အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးစန်းလွင် ဦးစီးတဲ့ အဖွဲ့ဟာ နောင်ခိုျမြို့ အေးရှားဝေါလ် တိုးဂိတ်အနီးတွင် အခြေပြုကာ ယာဉ်များအား စစ်ဆေး ဆောင်ရွက် လျက်ရှိရာ နောင်ချို- ကျောက်မဲ- လားရှိုး- မူဆယ် ပြေးဆွဲနေတဲ့ ယာဉ်များရဲ့ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ တင်ဆောင် သွားလာနေမှုအား ကြမ်းတမ်းစွာ ဖမ်းဆီး လျက်ရှိပြီး မိုးကုတ်-ပြင်ဦးလွင် ကားလမ်းမှာလည်း ဝင်ရောက် ဖမ်းဆီးမှု များကြောင့် ဒေသခံများနဲ့ လက်လုပ် လက်စား အလုပ်အကိုင်မဲ့ သူများရဲ့ တရားမဝင်ကယ်ရီသယ်ဆောင်မှုလုပ်ငန်း များအပေါ် စီးပွားပျက် အကိုျးယုတ် ထိခိုက်စေလျက် ရှိကြောင်း၊ Mobile Team အဖွဲ့ ဝန်ထမ်းများမှ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ တင်ဆောင်လာတဲ့ ယာဉ် (၁) စီးလျှင် ငွေကျပ် (၁) သိန်း၊ (၁)သိန်းခွဲခန့် ဖြင့်ညှိနှိုင်း ကြေးပေးပြီး ဖြတ်သန်းခွင့်ပြု နေကြောင်း ထိုးနှက် သတင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း ကြားသိရပါတယ်။

.........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

အဆိုပါ သတင်း ဖြစ်ပေါ် နေမှုကို Mobile Team အဖွဲ့ခေါင်းဆောင်နဲ့ ဌာန အလိုက် အဖွဲ့ငယ် ခေါင်း ဆောင်များမှ မိမိ ဝန်ထမ်းများအား ကုန်သည် လုပ်ငန်းရှင်၊ ယာဉ်မောင်းနဲ့ အဖွဲ့အပေါ် မနှစ်လိုသူ၊ မကျေနပ် သူများရဲ့ စည်းရုံးဆွဲဆောင် သိမ်းသွင်းမှု မခံရစေရန် ကြပ်မတ် ဆောင်ရွက်လျက် ရှိသလို သတင်း ကွင်းဆက် ဖော်ထုတ်နိုင်ရေး ဆောင်ရွက် ခဲ့ရာ ၅-၃-၂ဝ၁၃ နေ့ ဝ၅း၃ဝ နာရီတွင် Mobile Team အဖွဲ့ အသွင်ယူ အယောင်ဆောင် ငွေတောင်းခံ နေတဲ့ အဖွဲ့ဝင် (၄) ဦးပါအဖွဲ့အား ဖော်ထုတ်ရရှိခဲ့ပါတယ်။

ဖြစ်စဉ် အသေးစိတ်မှာ ၅-၃-၂ဝ၁၃ ရက်နေ့ ဝဝး၃ဝ နာရီတွင် Mobile Team အဖွဲ့မှ ကုန်တင်ယာဉ် များစစ်ဆေး နေချိန် Toyota Mark 2 ယာဉ်အမှတ် ထထထထ တစ်စီးစစ်ဆေးတဲ့ နေရာသို့ရောက်ရှိလာပြီး အမည် မသိ ယာဉ်မောင်းမှ ထထထထ အဖွဲ့က ဖြစ်ကြောင်း ဖမ်းဆီးစာရင်း ယခုလိုချင်ကြောင်း ပြောကြားလာရာ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ လောလောဆယ် မပေး နိုင်သေးကြောင်း၊ တရားဝင်စာဖြင့် တောင်းခံပါက အဖွဲ့ခေါင်းဆောင်ထံ တင်ပြပြီးပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား နေစဉ် (တရားမဝင် ပစ္စည်းများ တင်ဆောင်ထားတဲ့) ဆန်နီယာဉ်အမှတ် ထထထထ မှာ ရပ်တန့် အစစ်ဆေးခံခြင်း မရှိဘဲ အေးရှား ဝေါလ်ဂိတ်သို့ မောင်းနှင် သွားခဲ့သဖြင့် အသင့်စောင့်နေတဲ့ Mobile Team မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ပြန်လည် ခေါ်ဆောင်လာစဉ် ကြိုရောက်နေပြီး စာရင်းလာတောင်းတဲ့ Toyota Mark 2 ယာဉ်မှာ အရှိန်နဲ့ မောင်းနှင် ထွက်ခွာ သွားပါတယ်။

အေးရှားဝေါလ် ဂိတ်က ခေါ်လာတဲ့ ဆန်နီယာဉ်အမှတ် ထထထထ ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်များကို စိစစ် မေးမြန်းချက် အရ စာရင်းလာတောင်းတဲ့ ထထထထ ဆိုသူနဲ့ တွေ့ဆုံခဲ့ပြီး Mobile Team အဖွဲ့မှ ဖြတ်လျှင် ကျပ် (၁) သိန်းခွဲ ပေးရမှာ ဖြစ်ကြောင်း၊ ကျပ် (၁) သိန်းဖြင့် နောက်ဆုံး ဈေးတည့် ခဲ့ပြီး စာရင်းတောင်း လာသူနဲ့ အတူပါ လာတဲ့ ယာဉ်မောင်းမှ ၎င်းရဲ့ ယာဉ်စစ်ဆေးရေး ဂိတ်သို့ ဝင်ရောက် နေစဉ် ဆန်နီယာဉ်အား ရပ်တန့်ခြင်း မပြုဘဲ   မောင်းနှင်သွားရန် ပြောကြား ထားကြောင်း သိရှိရပါတယ်။ ၎င်းအဖွဲ့နဲ့ အဓိက ဆက်စပ် ပေးသူမှာ စာရင်းလာတောင်း သူဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့ပြီး သတင်းကွင်းဆက် ဖော်ထုတ်ခဲ့မှု အရ အဖွဲ့ဝင် (၄) ဦးပါ ရှိကြောင်း တရား ဥပဒေ အရ အရေးယူနိုင်ဖို့ ဆောင်ရွက် နေတယ်လို့ သတင်း ရရှိပါတယ်။

ကမရ