မန္တလေးမြို့တွင် ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Thu, 04/06/2023 - 07:28 -- competition

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ၂၀၂၃ ခုနှစ်အား ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒဆိုင်ရာ အသိပညာပေးနှစ်အဖြစ် သတ်မှတ်၍ ယှဉ်ပြိုင်မှုဆိုင်ရာအသိပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့ကြီးတစ်မြို့ဖြစ်သည့် မန္တလေးမြို့တွင် ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်၌ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၈၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ဟောပြောပွဲတွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများနှင့် ယှဉ်ပြိုင်မှုကော်မရှင်အကြောင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားမှုများကို လက်ခံဆောင်ရွက်မှုအခြေအနေများကို စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား အသိပညာမျှဝေပေးခဲ့ပါသည်။